⟪8⟫

153 26 1
                                    

ငါ အတွင်းခံကို လျှော်လိုက်တယ်။

သေချာပေါက်ကို လက်နဲ့ လျှော်တာတော့ မဟုတ်ဘူး
ပေါ့။

အဝတ်လျှော်စက်နဲ့ လျှော်လိုက်တဲ့ အတွင်းခံတစ်စုံ
က ငါ့ကို 8 ယွမ် ကြီးများတောင် ကုန်ကျစေတယ်။

ငါ အဲ့ဒါကို ဘယ်လိုပဲ ကြည့်ကြည့် ငါ အများကြီး ဆုံးရှုံးလိုက်ရတယ်လို့ပဲ ခံစားမိနေတယ်။

နောက်ဆုံးအနေနဲ့ အတွင်းခံကို အခြောက်ခံဖို့အတွက် ငါ Hair Dryer ကို လျင်မြန်လျို့ဝှက်စွာ ယူလိုက်
တယ် ပြီးတာနဲ့ အဲ့ဒါကို ဗီရိုထဲက Makeup Case ထဲမှာ ရှိတဲ့ ပလတ်စတစ်အိတ်ထဲက အဝတ်အိတ်
အသေးလေးထဲမှာ ပြန်ဖွက်ထားလိုက်တယ်။

ဒီအတွင်းခံကို လျို့လျို့ဝှက်ဝှက်နဲ့ ဘယ်လို ပြန်ပေး
ရမလဲဆိုတာကို ငါ စဉ်းစားနေခဲ့တယ်။

အချိန်အတော်ကြာ စဉ်းစားကြည့်ပြီးတဲ့နောက်...

လုံးဝကို ဘာနည်းလမ်းမှ မရှိဘူး!

အဲ့အချိန်မှာပဲ ငါ အိုင်ဒီယာတစ်ခု ရလိုက်တယ်။

အတွင်းခံကို ' ကောက်ရခဲ့တဲ့ ' သူငယ်ချင်းအဖြစ် ငါ ဘာလို့ ဟန်မဆောင်ရမှာလဲ?

အဲ့ဒါကြောင့် ငါ အသက်ကို ပြင်းပြင်းရှူပြီး ငါ့ရဲ့ ကိုယ်ပိုင် WeChat အကောင့်ကနေ တစ်ဆင့် friend request ပို့လိုက်တယ် ──

“ Hello အတန်းဖော်ရှန်း ငါက အတွင်းခံကို တွေ့ခဲ့တဲ့ တစ်ယောက်ပါ ”

ဒီတစ်ကြိမ်မှာတော့ ရှန်းချောင်ဝေ ငါ့ရဲ့ request ကို ချက်ချင်း လက်ခံလိုက်တယ်။

ငါ : အတန်းဖော်ရှန်း အခုပဲ ငါ့သူငယ်ချင်း ငါ့ကို ပြောတယ် နင်က အတွင်းခံပျောက်သွားတဲ့ တစ်ယောက်တဲ့

ရှန်းချောင်ဝေ : သူ ဘာလို့ ကိုယ့်ကို delete လိုက်တာလဲ?

ငါ : ......

ငါ : သူ အရမ်း ရှော့ရသွားတာနဲ့ မတော်တဆ ခလုတ် မှားနှိပ်မိသွားတာ

[ T|N : သူမလို့ သုံးရတာ သိပ်အဆင်မပြေလို့ သူလို့ပဲ သုံးလိုက်ပါတယ် ]

Ah ဒါက ဘယ်လိုတောင် အဓိပ္ပာယ် မရှိတဲ့ ဟာလဲ ဘယ်အရူးမှ ယုံလိမ့်မှာ မဟုတ်ဘူး!

အတွင်းခံတစ်စုံမှအစပြု၍Where stories live. Discover now