"ရွှီးးး....ဖောင်းးးး...ဒုန်း"
ရှေ့ဘက်လမ်းမှပေါ်မှ ကျယ်လောင်တဲ့အသံကြီးတစ်ခု။
"ဟင်...ဘာဖြစ်တာလဲမသိဘူး"
ထိုအသံဟာ ကောင်းမြတ်ရဲ့စိတ်ရိုင်းတွေပြန်ငြိမ်သွား စေခဲ့သည်။ဆုရီပန်ပန်ရဲ့ ဖင်ကိုလက်လှမ်းနေရာမှ ပြန်ပြီးရုတ်လိုက်သည်။
ထို့နောက် သူမ အိမ်ရှေ့ဝန်းရံတာကိုပြေးထွက် သွားတော့ သူလည်းလိုက်ထွက်လာခဲ့သည်။
"အယ်...ဟိုမှာ"
"ဟာ....ကားတိုက်သွားတာပဲ"ပြိုင်ကားတစ်စီး နဲ့ ပရိုဘောက်ကားလေးတို့တိုက်ထားကြသည်။သူတို့တိုက်ခန်းရှေ့က လမ်းမပေါ်မှာ ကားနှစ်စီးတော့ တိုက်မိလေပြီ။
"အောက်သွားကြည့် ကြမယ်"
"ဟုတ်.."သူမပြာပြာသလဲနဲ့ထွက်သွားတော့ သူလည်းနောက်ကလိုက်လာရသည်။
ထို့နောက်အခန်းဝရောက်တော့
"ဪခဏ...အမေတို့ကိုသွားပြောလိုက်ဦးမယ်"
ဟုသူမပြောပြီး မျက်နာချင်းဆိုင်က သူမတို့ရဲ့တိုက်ခန်းထဲကိုဝင်သွားသည်။
သူကတော့ အောက်ကိုသာအရင်ဆင်းလာခဲ့လိုက်တော့သည်။အောက်ရောက်တော့လူတွေ တစ်ခဏ အတွင်းဝိုင်းအုံလာကြသည်မှာအလျင်အမြန်။ယာဥ်တိုက်မှုဖြစ်ရာ နေရာကိုသူက အရင်ဆုံးရောက်နှင့်တာဖြစ်ပြီး တစ်ခြားလူတွေက အခုမှအိပ်ယာထဲက ထလာကြသည့်လူများပင်။
"အမလေးးး...သွေးတွေ...."
"လုပ်ကြဦးး..ရဲစခန်းဖုန်းဆက်..ရဲစခန်းကိုဖုန်းဆက်"တစ်ယောက်တစ်ပေါက်နှင့်ဝိုင်းအော်ကြရင်းး
ရပ်ကွက်လေးတစ်ခုလုံး ဆူညံသွားသည်။
သူတို့လမ်းကအကွေ့ကနည်းနည်း ဝိုက်တော့ အရှိန်နဲ့မောင်းလာတဲ့ ပြိုင်ကားကတစ်ဖက်လမ်းက ပရိုဘောက်ကားကို ကျော်ပြီးဝင်ကြုံးမိတာဖြစ်မည်။
ဘယ်လိုတိုက်သွားတာလဲတော့သူမသိပေမယ့် အခြေအနေတော့အရမ်းကြီးမဆိုး ပါစေနဲ့လို့သာ ဆုတောင်းရတော့မည်။ အခုတော့နှစ်ယောက်လုံးသတိလစ်နေသည်။ပြိုင်ကားမောင်းတဲ့ ဘဲရော..ပရိုဘောက်ကမား ဦးလေးကြီးရော။
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။