ဆုရီတို့မိသားစု အိမ်မပြောင်းခင်.....
ကောင်းမြတ် ကျော်ကျော့်ရဲ့အိမ်မှာသွားနေနေတုန်းအချိန်တွင်......မျိုးသူရကဖုန်းဆက်ပြီးတွေ့ရအောင်ဆိုတော့ သူမငြင်းခဲ့ပေမယ့် ဖုန်းထဲကိုရောက်လာတဲ့ ကောင်းမြတ်ထိုးကြိတ်ခံထားရတဲ့ ဗီဒီယိုဖိုင်ကြောင့် မသွားလို့မရတော့ပေ။
တစ်လမ်းလုံးဒေါသထွက်လာတဲ့သူမ ရောက်ရောက်ချင်းပဲ ဆဲဆိုကြိမ်းမောင်းလေတော့သည်။
"ရှင်ကအောက်တန်းတော်တော်ကျတာပဲ မဆိုင်တဲ့သူကို ဘာလို့အဲ့လိုယုတ်မာရတာလဲ"
"ဟင်းး.....စိတ်လျှော့ပါ ဆုရာ တော်တော်လေးဆိုင်နေတာကို...ဘာကိုမဆိုင်တာလဲ"ပန်းခြံထဲကခုံမှာထိုင်နေရာကနေ မျိုးသူရမတ်တပ်ထပြီး
"ဒီလောက်ဒေါသထွက်နေတာ မင်းအဲ့ကောင်လေးကိုတော်တော်ချစ်နေလား"
"အပိုတွေမပြောတော့ဘူး ရှင်နောက်တစ်ခါထပ်လုပ်ရင် ရဲနဲ့တိုင်မယ်"
"တိုင်လေ...မကြောက်လို့ကိုလုပ်နေတာ မင်းရဲတိုင်ရင် နောက်နေ့အဲ့ကောင်ရဲ့အလောင်းကိုမင်းမြင်ရမယ်"
"တောက်...ရှင်...လူသတ်ဖို့တောင်ဝန်မလေးတော့ဘူးနော်...ကျွန်မတကယ်မယုံနိုင်ဘူး"ထိုအခါ မျိုးသူရ မျက်လုံးရဲရဲကြီးတွေနဲ့ ကြည့်ပြီး
"မင်းကလည်းဖောက်ပြန်သေးတယ်
...ငါ့လာရန်တွေ့နေတယ်.....ငါလိုချင်တာရှင်းရှင်း လေးပါ....မင်းအရမ်းချစ်ပါတယ်ဆိုတဲ့အဲ့ကောင်ကိုအဆက်အသွယ်ဖြတ်....ငါ့တုန်းကလိုမျိုးပေါ့....ငါအသည်းကွဲခဲ့ရသလိုမင်းလည်းအဲ့လိုကွဲတာငါမြင်ချင်တယ်""မဖြတ်နိုင်ဘူးဆို ရှင်ဘာလုပ်မလဲ"
"ပြောပြီးသားပဲ အသေသတ်မှာလို့ မသတ်ခင်တော့အခုလို့နှိပ်စက်ဦးမယ်အရင်"ဆုရီရဲ့လက်ကသူ့ကိုရိုက်ဖို့လွှဲလိုက်ပေမယ့် သူကသူမလက်ကို အမိအရပဲဖမ်းဆုပ်ထားလိုက်သည်။
"ဒီမှာ မင်းသေချာစဉ်းစားအဲ့ကောင်သေတာကြည့်မလား အဆက်အသွယ်ဖြတ်မလား..အင်း...နှစ်ခုလုံးကတော့မင်းခံစားရမှာ တစ်ခုကတော့နည်းနည်းသက်သာမယ်..."
ဆုရီ စူးရှပြီးမာန်ပါတဲ့အကြည့်တွေနဲ့ မျိုးသူရကိုကြည့်နေလိုက်သည်။
ထို့နောက်သူကဆက်ပြီး...
أنت تقرأ
အိမ်မက်မဟုတ်သောအိမ်မက်
قصص عامةWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။