သူမမွေးနေ့အုန်းနို့ခေါက်ဆွဲချက်ဖြစ်တော့ ခါတိုင်းလိုပဲ တစ်တိုက်လုံးကိုလိုက်ပေးရဦးမည်။
"ဘာဖြစ်လို့တုန်း သမီးရဲ့"
"အာ...သမီးမပေးချင်ဘူး အမေသွားပေးလိုက်ပါလား"
"ငါကမွေးနေ့ရှင်မှမဟုတ်တာ..."ကောင်းမြတ်ရဲ့အခန်းကို သွားပို့ဖို့ အလှည့်ရောက်တာလို့ သူမ အကြောင်းပြချက်မပေးဘဲ ငြင်းနေခြင်းဖြစ်ပါသည်။
"ဆုဆုရယ် ....သွားပါ ဒါလေးပေးတာကိုအဲ့အိမ်ကကောင်လေးကိုကြည့်မရလို့လား"
သူမအဒေါ်ဖြစ်သူကပါ ဝင်ပြောတော့
သူမက.."ဟုတ်တယ် ကြည့်မရလို့"
နောက်ဆုံး ဆူပုတ်ပုတ်နဲ့ပဲ ဟင်းရည်ချိုင့်လေးနဲ့ ခေါက်ဆွဲပန်ကန်လေး ဆွဲကာထွက်လာခဲ့သည်။
ကောင်းမြတ်ရဲ့ အခန်းရှေ့ကိုရောက်တော့"ဒေါက်...ဒေါက်"
တံခါးကိုခေါက်ပြီး အခန်းဝမှာချိုင့်နဲ့ပန်ကန် ချပေးခဲ့သည်။ထို့နောက် သူမအခန်းထဲကိုအမြန်ပြန်ဝင်သွားသည်။
အပြင်ကပြန်လာတဲ့ကောင်းမြတ် ဟာထိုအရာအကုန်လုံး လှေကားကနေမြင်သည်။သူမကိုစတွေ့ကတည်းက သူကပုန်းနေသည်ကိုး။
'ဟုတ်သား...မွေးနေ့မို့တစ်ခုခုလာပို့တာထင်တယ်'
မကြာလိုက်ပါဘူး။သူမတံခါးလေးအသာအယာဖွင့်ပြီး ပြန်ထွက်လာသည်။ပန်ကန်လေးကဒီအတိုင်းပဲဆိုတော့...။
ကောင်းမြတ်အခန်းတံခါးကို နောက်တစ်ကြိမ်ထပ်ခေါက်ဖို့လုပ်နေစဉ် သူမနောက်မှာဝင်ရပ်နေတဲ့ကောင်းမြတ်က
"စကားခဏလောက်"
"အမလေး"
"...အဲ"
"လန့်လိုက်တာ...ကောင်းမြတ်ရယ်"
"ဟို...ဟာ...ခဏလောက်စကား"
"နောက်မှပြော"ဆိုပြီသူမအထဲကိုပြန်ဝင်သွားတော့သည်။
"ဟီးဟီးး..ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ"
ထို့နောက်ဒီဘက်ပြန်လှည့်ကြည့်တော့ ပန်ကန်လေးနဲ့ ချိုင့်လေးကကြမ်းပြင်မှာ။
'ဪ...ငါ့ကိုခွေးစာကြွေးသလိုထားသွားပဲ....'
"ဟားဟား"
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။