Chapter - 9 (💙🥃💔)

21.7K 128 0
                                    

"ကောင်းမြတ်လို့‌ ခေါ်တာလား...ဟိဟိ"
"ကိုကြီးကောင်းမြတ်ဟဲ့...ငါတို့ထက်တစ်တန်းကြီးတယ်"
"ဪ...အဲ့တာဆိုလည်းကိုကြီးပေါ့"
"နင်..နင်"
"နင်ထင်တာမှန်တယ်"

ကျောင်းရဲ့ ‌အနောက်ဘက်ရှိ တောအုပ်ထဲကို လူသွားလမ်းလေးဖောက်ထားသည်။ထိုလမ်းဘေးက အုတ်ခုံလေးမှာထိုင်ရင် ကျောင်းသူနှစ်ယောက်စကားပြောနေကြခြင်းပင်ဖြစ်သည်။

"သူအကောင့်လေးရှာကြည့်ရင်ကောင်းမလား"
"ရှာကြည့်ပေါ့"

ဖုန်းထုတ်လိုက်သည်။

"တွေ့လားး"
"တွေ့ပြီ...ဟော....profile ကခွေးပုံကြီးနဲ့"
"ဝင်ကြည့်လိုက်လေ"
"မှန်တယ်....ဒါသူ့အကောင့်ပဲ"

ဖုန်းကိုသေချာကြည့်ကာ ပြုံးစိစိဖြစ်နေတဲ့ ကေသွယ်ဝတီ့ ကို သူ့သူငယ်ချင်းကကြည့်မရတော့ပဲ

"နင်တော်တော်ဖြစ်နေပြီလား"
"ဖြစ်နေပြီဟာ...မရတော့ဘူးး...ခိခိ...စတာပါ..အဲ့လောက်လည်းမချော‌‌သေးပါဘူး"
"ချောတာတော့ချောပါတယ်....ဒါ‌ပေမယ့်သူက ကျော်ကျော်ဆိုတဲ့တစ်ယောက်နဲ့ပေါင်းတာ"
"အဲ့တာဆိုတော့"
"အဲ့ကျော်ကျော်ဆိုတဲ့ဘဲကြီးက womanizer ကြီး"
"အဲ့တာဘာကိုပြောတာလဲ"
"စော်ရှုပ်တယ်...စားဘဲကြီးလို့ပြောတာ"
"ဟော...သူငယ်ချင်းဖြစ်တိုင်း တူချင်မှတူမှာလေ...သူ့ပုံစံက‌‌တော့အနေအေးမယ့်ပုံပဲလေ"

"မဟုတ်ပါဘူး..ငါကသိအောင်ပြောပြထားတာ"
"ဟုတ်ပါပြီ...ချင်းဂူးရယ်ငါနားလည်ပါတယ် ငါ့သူငယ်ချင်းရဲ့စေတနာတွေကိုလေ"

ပူလောင်အိုက်စက်နေတဲ့ နေ့တွေဖြတ်သန်းပြီးတဲ့အခါ မိုးအုံ့အုံ့လေးနဲ့ ချမ်း‌အေးစရာနေ့တွေစဖြတ်သန်းရတော့မည့်အလား ကောင်းကင်ကြီးတစ်ခွင်မဲ‌ မှောင်လို့နေသည်။

_________________

ပြတင်း‌ပေါက်အပြင်ဘက်မှာ မိုးတိမ်တွေညိုမဲလို့ ။ရေနည်းနည်းသာထည့်ထားတဲ့
၊ ခါးတူးနေတဲ့ ကော်ဖီ‌ပူပူကြီးကို မမှုတ်ပဲသူသောက်ချပစ်လိုက်သည်။

ကြမ်းတမ်းတဲ့ လေပြင်းတစ်ချက်ကဝှေ့ကနဲ တိုက်ခတ်သွားတော့ အရှေ့က သစ်ပင်ကြီးကသစ်ရွက်တွေတရှပ်ရှပ် မြည်ပြီးလှုပ်ခတ်သွားခဲ့သည်။

အိမ်မက်မဟုတ်‌သောအိမ်မက်Where stories live. Discover now