Chapter - 20 (🏢💬🥵)

15K 91 1
                                    

မကြာခင်မိုးဖွားလေးတွေကျလာတော့ သူတို့ပြန်ဖို့ဆုံးဖြတ်ခဲ့သည်။

သို့ပေမယ့်လည်းမမှီလိုက်ပါ။လမ်းတစ်ဝက်မှာသဲကြီးမဲကြီးရွာချတော့ သူတို့နှစ်ယောက်လုံးရွှဲရွှဲစိုသွားခဲ့တော့သည်။

"ဟီးး..ဟီး"
"စိုကုန်ပြီလား...အမ"
"ရတယ် အမ ဘာမှမဖြစ်ဘူး"

မိုးရေတွေထဲဆိုင်ကယ်မီး ပျပျလေးနဲ့ ကောင်းမြတ်တဖြည်းဖြည်းချင်းမောင်းလို့နေသည်။
သူ့ကိုဖက်ထားတဲ့ ဆုရီရဲ့လက်ကိုသူကိုင်ထားသည်။

"ချမ်းနေပြီလား...ရောက်တော့မယ်နော်"
"ဟင့်အင်းရတယ်"

တိုက်ခန်းကိုရောက်တော့ ဆုရီကဆင်းနေခဲ့ပြီး ကောင်းမြတ်ကတော့ဦးသောင်းတို့ခြံဘက်ကို ဆိုင်ကယ်သိမ်းဖို့မောင်းလာခဲ့လေသည်။

_____________________

သူမရဲ့လစာလေးနဲ့ ရပ်တည်နေရတဲ့ သူမတို့မိသားစုအတွက် ဒီအလုပ်ကိုလုံးဝစွန့်လွှတ်လို့ မဖြစ်တာမို့ ‌ပြန်တော့သွားရပေဦးမည်။
လုပ်ချင်တာလုပ်ပြီးပြီမို့ ခံရမဲ့အလှည့်ကျ မနွဲ့စတမ်း သူမရင်ဆိုင်လိုက်သည်။

အလုပ်ရှင်သူ‌ဌေးရဲ့ ဆူပူအော်ငောက်ခြင်းကို ခံရသည်သာမက လစာလည်းအဖြတ်ခံလိုက်ရလေသည်။

ညနေအလုပ်ဆင်းတော့.....

"ဆု...ကိုယ်တို့တစ်ခုခုသွားစားရအောင်"
"အိမ်ပြန်တော့မယ်..မလိုက်တော့ဘူး"

ထိုအခါမျိုးသူရက

"ဆု"

လို့ခေါ်ပြီးလက်ကို ဖမ်းဆွဲထားသည်။

"မင်းကိုကိုယ်ရှင်းပြစရာတွေ တောင်းပန်စရာတွေရှိတယ်...ဒီတိုင်းရှောင်ပြေးနေလို့မရဘူးနော်"
"အင်း...ပြီးရောလေ"

ထိုသို့ဖြင့်အနီးဆုံးမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုဆီကိုသွားခဲ့ကြသည်။ရောက်တဲ့အခါ မျိုးသူရကပဲစပြောလေသည်။

"ဆု...ကိုယ်တို့လက်ထပ်ကြရအောင်"
"ရှင်"
"ဖြစ်ခဲ့တဲ့ကိစ္စတွေ အကုန်လုံးကိုကိုယ်မင်းကိုတောင်းပန်ချင်တယ်...မင်းကွယ်ရာမှ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာတွေ မင်းကိုရိုက်မိခဲ့တာတွေ ခြိမ်းခြောက်မိတာတွေ အားလုံးကိုပါးစပ်နဲ့ တောင်းပန်ဖို့မလုံလောက်ဖူးဆိုတာသိတယ်....အဲ့တာကြောင့်ကိုယ်တို့လက်ထပ်ကြရအောင်...လက်ထပ်ပြီးရင် ဒီလိုကိစ္စတွေထပ်မဖြစ်ရတော့ဘူးလို့ကိုယ်ကတိပေးတယ်"

အိမ်မက်မဟုတ်‌သောအိမ်မက်حيث تعيش القصص. اكتشف الآن