Chapter - 12 (🌧️🚗🍒)

17.3K 105 2
                                    

သူကအရင်စားလို့ပြီးသွားတော့ သူမစားနေတာကိုစောင့်‌ရင်းကြည့်နေရင်း...
နှုတ်ခမ်းနားလေးမှာ အနည်းငယ်ပေသွားတဲ့အခါ သူတစ်ရှုးယူပေးလိုက်သည်။
သူပေးတဲ့တစ်ရှုးနဲ့နှုတ်ခမ်းကိုသုတ်ပြီးတဲ့ အခါ သူ့ကိုပြုံးပြလေသည်။

'ပြုံးလိုက်ရင် တကယ်ချစ်ဖို့ကောင်းတာပဲ'

ထို့နောက်..

"ဟော...မိုးတွေအုံ့လာပြီ ကြည့်စမ်း"

သူမရုတ်တရက်ထပြောလို့ သူလည်းပင်လယ်ဘက်ကိုတစ်ချက်အကြည့် မှောင်မဲပြီး တလိပ်လိပ်တက်လာတဲ့ မိုးတိမ်များကိုမြင်ရသည်။

"ဟာ...ဟုတ်တယ် မိုးရွာတော့မယ်ထင်တယ်"
"မိုးရွာ‌ရင်တော့ ပြန်နားရတော့မယ်ထင်ပါတယ်"
"အင်းပေါ့"

ရေတောင်သိပ်မ‌ဆော့လိုက်ရပဲ ပျင်းစရာကောင်းတဲ့ ခရီးစဉ်ကြီးကို ပြတင်းပေါက်က မိုးတွေရွာနေတာကိုသာကြည့်ပြီး ကုန်ဆုံးရတော့မည်။

အခန်းထဲက နာရီကိုသူကြည့်လိုက်တော့ ၂နာရီခွဲ။သို့ပေမယ့် အပြင်ဘက်မှာတော့ နေရောင်ကိုမမြင်ရပေ။

"ဟူးးး"

မိုးရွာပြီးပေမယ့် မိုးသားအုံ့အုံ့မှိုင်းမှိုင်းတွေက နေမင်းကို အလှည့်မပေးသေးတော့ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့မြင်ကွင်းက မှောင်မှောင်လေးနဲ့ မှိန်မှိန်လေးသာရှိနေတုန်း။စိတ်ညစ်စရာတစ်ခုက သူ့ကိုစောင့်ကြိုနေသလိုလိုခံစားရသည်။

"မြို့ထဲက‌‌ ဈေးကိုသွားမယ်...မင်းလိုက်မှာလား"
"ဘာလုပ်ဖို့လဲ"
"ညသောက်ဖို့သွားဝယ်ကြမှာလေ"
"အဲ့တာဆိုလိုက်ခဲ့မယ်"

ကမ်းခြေရောက်ရင် မီးပုံပွဲဆိုတာကလည်းမလုပ်မဖြစ်လုပ်ရမည်ဆိုတော့ကာ သူတို့အရက်တွေမြို့ထဲကိုသွားဝယ်ရပေဦးမည်။မီးပုံပွဲဆိုပေမယ့်လည်း အမှန်တော့ ရှက်ကီပွဲသာဖြစ်သည်။

မကြာခင်နေရောင်တန်းလေးတွေ တစ်ခုနှစ်ခုထိုးဖောက်ကျ‌လာလေပြီ။သူတို့လည်း ဆိုင်ကယ်ငှားပြီး မြို့ထဲကိုလာခဲ့ကြသည်။

___________________________

"အဲ့တာဆို ငါတို့စားစရာတွေဝယ်လိုက်မယ်"
"ငါတို့က အရက်ဝယ်ရမှာလား"
"အေးလေ"
"အေး‌ အဲ့တာဆို ဒီမှာပဲပြန်ဆုံမယ်နော်"
"‌အေး..ဟုတ်ပြီ"

အိမ်မက်မဟုတ်‌သောအိမ်မက်Where stories live. Discover now