Chapter - 23 (🤔🌅💔)

10.6K 65 10
                                    

"အားးး"

အိမ်မက်ထဲက အမြင့်တစ်နေရာမှ လက်ရှိကမ္ဘာရဲ့ အိပ်ရာပေါ်ကို ကျော်ကျော်ပြုတ်ကျလာသည်။

"ဟူး...ဟူးး"

အသက်ကိုလုရှုရင်း နှလုံးခုန်နှုန်းတွေကလည်းအရမ်းမြန်‌လို့‌ နေသည်။
ဘေးနားက ရေဘူးကိုယူပြီး ကုန်အောင်သောက်ပစ်လိုက်သည်။

"အစောကြီးရှိသေးတာပဲ"

သူပြန်အိပ်ဖို့ကြိုးစားပေမယ့် အိပ်မရတော့တာကြောင့်....

"တော်ပြီကွာ"

အဝတ်အစားလဲပြီး အပြင်ထွက်မုန့်စားဖို့သာ စဉ်းစားလိုက်သည်။

တစ်အိမ်လုံးဘယ်သူမှမနိုးသေးတဲ့အတွက် အိမ်ရှေ့တံခါးကို အသာလေးဖွင့်ပြီးထွက်လာခဲ့သည်။

လမ်းထိပ်က လှည်းနဲ့‌ရောင်းတဲ့ထမင်းကြော်ဆိုင်ကို ရောက်တဲ့အခါ

"ကျွန်တော့်ကို ကြက်သားကြော်နဲ့"
"အေး သား...ထိုင်"

ရေနွေးကြမ်းငှဲ့ရင်း လက်ကတစ်ပြိုင်တည်း ဖုန်းကိုထုတ်ကာ ကောင်းမြတ်ဆီဆက်လိုက်သည်။

"တီ...တီ"

သို့ပေမယ့် ဖုန်းမကိုင်။

"ကျောင်းရောက်ရင်တွေ့မှာပေါ့"

ဆိုပြီးသူလက်လျှော့လိုက်သည်။

______________________

"မလာပြန်ဘူးလား"
"အေး..အဲ့ကောင်ဘာဖြစ်နေလဲမသိဘူး"

ကျောင်းရောက်တော့လည်း ကျောင်းကိုမလာပြန်တဲ့အတွက် ကျော်ကျော်စိတ်ပူသွားရသည်။
တစ်ခုခုတော့ဖြစ်နေတာသေချာပြီ။

"မင်းသူ့အိမ်ကိုသွားကြည့်ပါလား"
"အေး အဲ့လိုပဲလုပ်မလို့"

ဘာဖြစ်နေလဲဆိုတာမသိပေမယ့် ကျောင်းကို တစ်ပတ်တိတိမလာတာတော့ ပျင်းနေတာမဟုတ်။

ညနေကျောင်းဆင်းတဲ့အခါ ကျော်ကျော် ဖုန်းထပ်ဆက်ကြည့်သည်။

"တီ...တီ"
"....."
"တီ...တီ"
"အဲ့မှာကိုင်မနေနဲ့တော့"

ဆိုပြီးဖုန်းပြန်ချလိုက်သည်။ထို့နောက်သူတစ်ချက် စဉ်းစားလိုက်ပြီး

အိမ်မက်မဟုတ်‌သောအိမ်မက်Opowieści tętniące życiem. Odkryj je teraz