Chapter - 13 (🤬🌧️🏃)

16.1K 104 2
                                    

ခရီးကပြန်လာတဲ့မနက်ကတည်းက သူ့ကိုစကားလာမပြောတော့တဲ့ ကေသွယ်တစ်ယောက်ဟာ နောက်နေ့ကျောင်းတွေတက်တဲ့ အချိန်အထိကိုလာမ‌ပြော။

'အဲ့ညက ဖြစ်ခဲ့တာကြောင့်ပဲနေမှာပါ'

သူမရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို မြင်ဖူးသွားလို့ သူ့ကိုရှက်ပြီး ‌စကားလာမပြောတာပဲဖြစ်မှာပါ လို့သူထင်မိသည်။

_________________

အရှေ့ဘက်အရပ်မှ နေဘယ်အချိန်ထွက်မှန်းမသိအောင် မိုးတိမ်မဲမဲကြီးတွေဖုံးအုပ်ထားသည်။

"ဘယ်လိုလဲ ဟျောင် ကေသွယ်လေးနဲ့ ကမ်းခြေမှာ ဘာညာဖြစ်ခဲ့သေးလား"

ကျောင်းပိတ်လို့သူ့အိမ်ကိုကိုကျော်ကျော်ရောက်နေသည်။

"ဖြစ်ရအောင်သူနဲ့ငါက ချစ်သူတွေမှမဟုတ်တာ"
"ဘာမှမဖြစ်ခဲ့ဘူးပေါ့"
"အေးလေ"

ထိုအခါ ကျော်ကျော့်မျက်နှာ ပြန်တည်သွားလေသည်။သူ့သူငယ်ချင်းရဲ့ စိတ်ထဲဘယ်လိုရှိနေလဲ သိချင်လို့ ထိုမေးခွန်းကိုမေးလိုက်တဲ့ကျော်ကျော် တစ်ယောက်အခုတော့သိပြီ။ထို့ကြောင့်
club ကို‌ ခေါ်သွားခြင်းကသာကောင်းမြတ်အတွက်အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ရောက်တဲ့အခါ သူမြင်ချင်နေတဲ့
ဆုရီရဲ့ ဘဲဖြစ်တဲ့ မျိုးသူရဆိုတဲ့ကောင် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ ပျော်ပါးနေတဲ့ မြင်ကွင်းကို ကျော်ကျော်ပြပေးလိုက်‌လေသည်။

ထိုကောင်မလေးကအရက်ခွက်ငှဲ့‌ ပေးရင်း စကားတွေပြော ပေါင်ပုတ်လက်ပုတ်လုပ်နေတာဖြစ်သည်။

သေချာပါပြီ။သူ့အတွက် သေချာသလောက်ကိုရှိသွားပြီတဲ့ ဆုရီအမြဲမှိုင်တွေသလို စိတ်ညစ်နေသလို ဖြစ်ခဲ့တာတွေ သူ့ဆီကိုရောက်လာပြီး ရင်ဖွင့်ချင်တာတောင်ဖွင့်လို့မရဘဲ ငုတ်တုတ်ကြီးလာထိုင်နေတာ‌တွေ၊ မျက်နှာလေးညိုးငယ်‌နေတာတွေ။ဒါတွေဟာ ဒီ​​ဘဲကြောင့်ပဲ ဆိုတာသေချာသွားခဲ့လေပြီ။

သူမဒီကောင်နဲ့ဘာလို့ ဆက်တွဲနေတာလဲ။ရှင်းရခက်တဲ့ပြဿနာတွေတော့ရှိနေပြီထင်တယ်။

မျိုးသူရဆိုတဲ့ကောင် အကြောင်းကျော်ကျော်‌ပြောပြလို့ အနည်းအကျဉ်းတော့သိခဲ့သည်။
သူက ဆုရီတို့ကုမ္ပဏီပိုင်ရှင်သူ‌ဌေးရဲ့ တူ။ပိုက်ဆံချမ်းသာပြီး ဆုရီနဲ့တွဲလာတာလည်း ကြာပြီ။သူ့အမေနဲ့အဒေါ်တို့နဲ့လည်း ရင်းနှီးကြသည် ဆိုတဲ့ အကြောင်းတွေကို သူသိရသည်။သို့ပေမယ့် အိမ်ကိုလာတာတော့ သူတစ်ခါမှမတွေ့ဖူးပေ။ဟိုတစ်ခေါက်က‌တိုက်ခန်း ရှေ့ထိလိုက်ပို့တာကလွဲလို့ သူ့အမေတွေနဲ့ရင်းနှီးတာသူ လုံးဝမမြင်ဖူး။ပြန်စဥ်းစားကြည့်မှ သူ့အမေနဲ့ အဒေါ်တို့နဲ့လည်း သူစကားတစ်ခါမှမပြောဖူးပေ။

အိမ်မက်မဟုတ်‌သောအိမ်မက်Where stories live. Discover now