Chapter - 14 (🚕🥰💤)

15.8K 106 9
                                    

"အမ"
"ဟင် ကောင်းမြတ်လေး"

တွေ့တွေ့ချင်းဘဲ သူ့ကိုနှုတ်ဆက်တဲ့ ဆုရီဟာတော်တော်လေးမူးနေပြီဆိုတာ စားပွဲပေါ်က ဘီယာဘူးလေးနှစ်ဘူးကသက်သေ။ထို့အပြင် club မှာလည်းသောက်ထားလားမသိ။

"လာအိမ်ပြန်ရအောင်...အမ"
"ဘယ်ကနေဘယ်လိုရောက်လာတာလဲ ကောင်းမြတ်လေးရဲ့"

သူ့ကိုတောက်လျှောက် မခေါ်မပြောရှောင်နေပြီးမှ အခုတော့ ကောင်းမြတ်လေးတဲ့လား။

"မိုးတွေလည်းရွာနေတယ် အမ ကြည့်ရတာမူးလည်းတော်တော်မူးနေပြီ...လာပါကျွန်တော်နဲ့အတူတိုက်ခန်းကို ပြန်ရအောင်"
"ခဏနေပါဦး"
"အမအမေတို့စိတ်ပူနေမယ်အမရဲ့...လာပါ"
"ပြီးရော...အဲ့တာဆိုဒါလေးစားလိုက်ဦးမယ်"

သူမစားပြီးသည်အထိသူစောင့်ပြီးတဲ့အခါ

"ကားအားလားအစ်ကို"

အိမ်ကိုပြန်ဖို့တက္ကစီငှားလိုက်သည်။မိုးလေးကတဖြည်းဖြည်းစဲသွားခဲ့ပြီ။

ထို့နောက်တက္ကစီနောက်ခန်းမှာ တစ်လမ်းလုံးသူ့ပုခုံးလေးပေါ်မှီရင်းအိပ်လာတဲ့ သူမကို သူ‌ လှည့်လှည့်ကြည့်တာကလည်းတစ်လမ်းလုံး။

မိနစ်၃၀ခန့်လောက်မောင်းပြီးတဲ့အခါ သူတို့အိမ်ကိုပြန်ရောက်လာပါပြီ။
ထိုအခါ ကောင်းမြတ်ကသူမရဲ့အခန်းတံခါးကိုသွားခေါက်ဖို့လုပ်တုန်း

"ဟာ...နိုး...မခေါက်လိုက်နဲ့ဦး...ဒီလိုပုံစံကြီးနဲ့ပြန်လာရင်အိမ်ကသတ်လိမ့်မယ် ကောင်းမြတ်အခန်းထဲမှာပဲခဏနေပါရစေနော်"
"မဟုတ်ဘူးလေ..အမ"
"လုပ်ပါကောင်းမြတ်ရယ်...ကူညီပါ...ဟီးဟီး"

ထို့ကြောင့်သူလည်းရွေးစရာမရှိသူ့အခန်းထဲသာခေါ်လာခဲ့ရတော့သည်။အခန်းထဲရောက်တော့ သူအဝတ်အစားလဲပြီးလို့ပြန်ထွက်လာပြီး

"အင်္ကျီတွေစိုနေလားအမ"
"ရတယ်..ရတယ်...မစိုဘူး"
"ခေါင်းတော့နည်းနည်းစိုနေတယ်နော်"

ထို့နောက်သူ တဘတ်တစ်ထည် ‌သုတ်ဖို့ပေးလိုက်သည်။သူမရှေ့မှာသူဝင်ထိုင်လိုက်သည်။

"မနက်ဖြန်ကျောင်းမသွားရဘူးလား"
"မသွားရဘူးလေ ပိတ်တယ်"
"ဟုတ်သားပဲ..."

အိမ်မက်မဟုတ်‌သောအိမ်မက်Where stories live. Discover now