Chapter - 11 (🤔🚌🏖️)

17.6K 112 0
                                    

ဆုရီသူ့ကိုလှမ်းကြည့်နေတာကိုတော့ ကောင်းမြတ်မမြင်ပေ။
သူ့ရဲ့ မသိစိတ်ထဲက တစ်ယောက်ယောက်သူ့ကိုကြည့်နေသလိုခံစားရတော့ အပေါ်ကိုမော့အကြည့်....

'.......'

အခန်းထဲကို ဆုရီကလျှင်မြန်စွာဝင်ပြီးပုန်းလိုက်တဲ့အတွက်သူ မမြင်လိုက်ပေ။
ထို့နောက်သူ ကြက်သားဆန်ပြုတ်လေးဆွဲကာအပေါ်ကိုသာတက်လာခဲ့တော့သည်။

_________________________

ကြေးအိုး၊ ဝက်ခြေထောက်စွပ်ပြုတ်၊ ကြာဇံချက်၊ ကြက်သားကွေ့တီယို၊ ထမင်းပေါင်း။

နောက်နေ့တွေမှာ တစ်ခါတစ်မျိုးမရိုးအောင် ကေသွယ် လာလာပို့သည်။နောက်ဆုံးကောင်းမြတ်ကတားယူရသည်အထိ။

"အစ်ကိုနေကောင်းနေပါပြီ လာမပို့နဲ့တော့နော်"
"နေကောင်းခါစဆိုတာ အားရှိတဲ့အစားအစာတွေစားရတယ်လေ...အားနာလို့တော့မငြင်းလိုက်ပါနဲ့လေ...ဘာမှမပင်ပန်းပါဘူး"

'ပြောလို့လဲမရပါလား'

ကြာလာတော့‌ ကေသွယ့်ကို သူတော်တော်လေးအားနာ မိလာသည်။

"ရော့ပါ.."

လက်ထဲကိုအတင်းထည့်ပေးပြီး

"သွားပြီ..တာ့တာ"

ဟုပြောကာလှည့်အထွက် တိုက်ဆိုင်သည်ဟုဆိုရမလား အပြင်ကပြန်လာတဲ့ ဆုရီနဲ့ သူတို့သွားဆုံလေသည်။
‌ဆုရီကကေသွယ့်ကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းမြတ်ကိုထပ်ကြည့်နေသည်။

ကောင်းမြတ်ကလည်း သူမကိုသာသေချာကြည့်နေသည်။ကေသွယ်ကတော့ သူတို့နှစ်ယောက်အပြန်အလှန်စိုက်ကြည့်နေကြတာကို တွေ့နေရပြီး သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကိုလုံးလုံးမသိ။

"သွားပြီနော်...အစ်ကို"
"အင်းး"

လို့သာတစ်ခွန်းထဲသူပြန်ဖြေလိုက်သည်။ထို့‌နောက်စကားတစ်ခွန်းမှမဟ ပြုံးတောင်မပြပဲ ဆုရီကသူ့ဘေးနားကဖြတ်ကာအပေါ်တက်သွားလေတော့သည်။

__________________________

ညရောက်ရင် သူ့မှာလုပ်စရာသုံးခုသာရှိသည်။
ဂိမ်းဆော့မည်၊ ဂွင်းထုမည်၊ တောင်တွေး‌‌မြောက်တွေးမည်။

အိမ်မက်မဟုတ်‌သောအိမ်မက်Where stories live. Discover now