Arc - 1.12 (End)

3.2K 275 4
                                    

လရောင် နိုးလာတော့နှာခေါင်းထဲဝင်လာတဲ့ဆေးနံတွေကြောင့်သူဆေးရုံမှာရှိနေမှန်းသိရသည်။ ဘေးကိုကြည့်လိုက်တော့ သူ့ဘေးမှာဘယ်သူမှရှိမနေ သူသတိမေ့နေတာ ဘယ်လောက်ကြာနေပြီးလဲမသိ ကိုယ်လက်တွေကိုက်ခဲနေပြီး ခြေထောက်တွေလဲလှုပ်လို့မရ ရေဆာ လို့စားပွဲပေါ်မှာတင်ထားတဲ့ ရေခွက်ကိုယူတာတောင် လူကအားမရှိတော့လက်တောင်မမြှောက်နိုင်ဘူး

'ဂူးဂူးဘယ် နာရီရှိပြီးလဲ'

'ည၉နာရီပါ host'

'အင် ငါ့ကိုတချက်ကူညီ'

'ဟုတ်ကဲ့ host ဘာလုပ်ချင်လဲ'

'ငါ့ကိုရေပေး'

'အင်'

ဂူးဂူး host ကရေတောင်းတာကြောင့် အထက်လူကြီးပေးထားတဲ့ ဆေးလုံးတစ်လုံးကိုပါးစပ်ထဲထည့်လိုက်ပြီးငုံထားလိုက်သည်။ တအောက်နေတော့ခန္ဓာကိုယ်ဟာ အရာဝတ္ထုတွေကိုထိုးဖောက်မြင်ရတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်စစ်ပေါ်လာသည်။(ရှင်းလားမသိ ဒီနေရာ ဂူးဂူးကဝိညာဥ်ဆိုတော့အရာဝတ္ထုတွေကိုမကိုင်နိုင်ဘူးလေဒါကြောင့်အထက်လူကြီးပေးထားတဲ့ဆေးလုံးကိုငုံထားမှ ရေခွက်ကိုသူကိုင်နိုင်မှာပါ)

ဂူးဂူးလည်းကုတင်ပေါ်ကနေတစ်ဆင့်စားပွဲခုံပေါ်တက်လိုက်ပြီးရေခွက်ကိုလှမ်းယူပြီး

''ကျွီးးးး''

''ခွမ်းးး''

ဂူးဂူးခွက်ကိုကိုင်ထားရင်းနဲ့ တံခါးဖွင့်သံကြောင့်လန့်ပြီးခွက်ကိုပစ်ချပြီးကုတင်အောက်မှာဝင်ပုန်းနေသည်။

နေလင်းရောင် သူဒီနေ့အလုပ်ကနဲနဲနောက်ကျတာကြောင့်ရေမြန်မြန်ချိုးပြီးပြန်ထွက်လာတော့ အခန်းထဲကနေတစ်ခုခုပြုတ်ကျသံကြောင့်သူအမြန်ပြေးသွားပြီးကြည့်လိုက်တော့ သူ့ရှေ့ကမြင်ကွင်းကိုမယုံနိုင်စွာ သူကလေးငယ်ကသူကိုကြည့်နေတယ် သူအိမ်မက်မက်
နေတာမလာ အရင်လိုဘဲကလေးငယ်ကပျောက်သွားအုံးမှာမလား။သူကလေးငယ်အနားကိုသွားပြီးလက်လေးကိုကိုင်ကာ

''ရေ''

''ဟင်ဘာပြောတယ်''

''ရေ''

''ရေ ရေသောက်ဖို့လား ခဏနော် ကိုယ်ယူပေးမယ်''

သူရေယူဖိုရေခွက်ကိုကြည့်တော့ ခွက်ကအောက်မှာကွဲနေတယ် သူလဲနောက် တစ်ခွက်ကိုယူပြီး ရေကိုဂွမ်းစလေးနဲ့တို့ပြီး ကလေးငယ်ရဲ့နှုတ်ခမ်းမှာစွတ်ပေးလိုက်သည်။

System ဂူးဂူး (ongoing) Where stories live. Discover now