''သခင်လေး နိုးပါပြီးလာ ကျွန်တော် ဝင်လာလို့ရပြီးလာ''
''.....''
အထဲကနေဘာသံမှမကြားရတာကြောင့် သခင်လေးများ မနိုးသေးဘူးလား
''မင်းတို့က ဒီမှာဘဲစောင့်နေ ငါသခင်လေးကိုသွားနှိုးလိုက်အုံးမယ်''
ကျောက်လုံ အစေခံတွေကိုမှာပြီး သခင်လေးအခန်းထဲကိုဝင်လိုက်သည် ။အခန်းထဲရောက်တော့ သခင်လေးရဲ့အိပ်ဆောင်ဆီကိုသွားပြီး ကုတင်ဘက်ကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာခြေဆင်းထိုင်နေပြီး လက်နှစ်ဖက်ကခေါင်းအုံးလေး ကိုပိုက္ကာ ငေးငိုင် နေတဲ့သခင်လေးကြောင့်
''သခင်လေး ဘာဖြစ်တာလဲ သခင်လေးကိုဘယ်သူလုပ်တာလဲ ဒါမှမဟုတ်ဗိုက်ဆာလို့လား ''
ဂူးဂူးကတော့ ကုတင်ပေါ်မှာမှိုင်နေတဲ့ host ထက် သူ့သခင်လေးကိုစိတ်ပူနေတဲ့ကျောက်လုံကိုဘဲ သနားမိသည်။ဘာလို့ဆို host အချစ်နာကျနေတာလေ အဲ့တော့ အပစ်မရှိတဲ့ကျောက်လုံကိုတရားခံ အဖြစ်လွှဲချမှာကြိုပြီး မြင်ယောင်နေလို့ဘဲ
''မင်းလေ မင်းပေါ့ မင်းက ငါ့ကို ဘာလို့အစောကြီးလာနှိုးရတာလဲ မင်းကြောင့် ငါဘယ်လောက်ထိ ဝမ်းနည်းသွားရလဲ မင်းသိလား မင်းသာငါ့ကိုစောစောလာမနှိုးရင် ငါ ငါ ထားတော့မင်းလို့ fa ကိုပြောနေလို့လဲဘာမှမထူးဘူး အခုကငါ့ကိုဘာလို့စောစောလာနှိုးရတာလဲ!!''
တွေ့လား ဂူးဂူးမှန်းရင်လွဲခဲတယ် ဒီအချိန်မှာဂူးဂူးနှုတ်ပိတ်နေမှ မဟုတ်ရင် မိုးကြိုးစက်ကွင်းမလွတ်ဘဲ ဂူးဂူးဆီရောက်လာမယ်
ရိဟွား ကျောက်လုံကိုတော်တော်စိတ်တိုနေတာ တကယ်ဘဲအခုမှကိုကို့ကို အိပ်မက်ထဲမှာတွေ့ရပြီး အနမ်းလေးပေးကာ အလွမ်းဖြေမယ်ကြံကာရှိသေး သူ့အသံကြောင့်ကိုကိုက ထွက်ပြေးသွားပြီး သူလဲအိပ်ရာနှိုးလာရော ဟွန့်
ကျောက်လုံမှာတော့ သခင်လေးက သနားပါတယ် တော်တော်လေး အိပ်ငိုက်နေလို့ဖြစ်မယ် အရင်တုန်းကအစောကြီးတွေထရလို့ အခုကအတိုးချပြီးနောက်ကျမှထဖို့ဖြစ်မယ် အင် သခင်လေးလဲ ပင်ပန်းမှာပေါလေ
''ဟို ဒီနေ့မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို ညီလာခံမှာနှုတ်ဆက်ဂါဝရပြုရမယ်လေ''
YOU ARE READING
System ဂူးဂူး (ongoing)