Arc - 2.13

2.3K 242 4
                                    

''ဟူးးးးး အိမ်ရှေ့စံဘယ်မှာရှိနေလဲဆိုတာကို စုံစမ်းကြ''

မင်းကြီး စကားကြောင့် အမတ်ချုပ်ကြီးတစ်ယောက်တုန်လှုပ်သွားသည်။မင်းသားကိုသာရှာတွေ့ရင်သူလုပ်ထားတဲ့အပြစ်တွေပေါ်ပြီးလေ မဖြစ်ဘူး ညီလာခံပြီးရင် သူ့လူတွေစုပြီး မင်းကြီးထက်အရင်မင်းသားကိုရှာတွေ့မှဖြစ်မယ်

''ကျွန်တော်သိတယ်''

''ဟင်!! ဘယ်မှာလဲ''

''သူက ''

ဒုန်း!!

''ကလေး!! ဘာဖြစ်သွားသေးလဲ! !''

''အမ် ကလေးဘာဖြစ်ရမှာလဲ ဘာမှ ဖြစ်ပါဘူး ''

မင်ဖုန် ကလေးငယ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေရှိမရှိစစ်ဆေးပြီး မရှိတာသေချာမှ မင်းကြီးဘက်ကိုလှည့်ပြီး

''မင်ကြီး ကျွန်တော်ကလေးငယ်ကို ဖမ်းခေါ်တာဘာသဘောလဲ''

''အဲတာက''

''ဪ ဒီလိုပါ ကိုကို မင်းကြီးတို့က ကျွန်တော်ကို ဟန်တိုင်းပြည်ကို သိမ်းဖို့ကြံစီတယ်ဆိုလို့ စစ်ဆေးဖို့ခေါ်လိုက်တာပါ''

''ဘာ! ! မင်းကြီးတို့က သက်သေမရှိဘဲ
တိုင်းပြည်တစ်ခုရဲ့မင်းသားကို ဖမ်းခေါ်လာရဲတယ်ပေါ့လေ''

စစ်သူကြီးရဲ့ဒေါသကိုသိနေတဲ့ အမတ်တွေကတော့ မင်းကြီးနဲ့မယ်တော်ကြီးကိုအပြစ်တင်နေကြသည်။

'​'အာ ကိုကိုစိတ်လျော့ပါ တကယ်တော့ ကျွန်တော် ညီမလေးက ကျွန်တော်ကို မကျေနပ်လို့ ချောက်ချလိုက်တာ မင်းကြီးတို့နဲ့ဘာမှမဆိုင်ပါဘူး မင်းကြီးတို့က ဒီအတိုင်းစစ်ဆေးကြည့်ယုံပါ ''

''ဟုတ်ပါတယ် စစ်သူကြီးရယ် ကျွန်တော်တို့က ဒီအတိုင်း မင်းသားမှာအပြစ်ရှိမရှိစစ်ဆေးကြည့်ယုံပါ တကယ်တော့လည်း မင်းသားကိုဘဲ ကျွန်တော်တို့က ကျေးဇူးတင်ရမယ် မင်းသားကဘဲ ရှောင်မင်းသမီးက
မင်းသားကိုခြောက်ချတာကို ဖော်ထုတ်ပေးခဲ့တာ ''

''တကယ်လို့ ကျွန်တော်ကလေးငယ်က
ဒီအကြောင်းကို မဖော်ထုတ်နိုင်ရင်ရော အမတ်ကြီးတို့က အပြစ်မရှိတဲ့သူကို အပြစ်ပေးမလို့လား''

System ဂူးဂူး (ongoing) Where stories live. Discover now