Arc - 3.8

1.7K 151 23
                                    

ဂိုယောင် တို့အစည်းဝေးပြီးလို့
meeting room ထဲကထွက်လာတော့
တိုက်တိုက်ဆိုင်ဆိုင်ပင် ပစ္စည်းပို့သမားတစ်ယောက်ရောက်လာပြီး သူနာမည်နဲ့အမည်မဖော်လိုသူတစ်ယောက်က
ပန်းစည်​းကြီးကိုလက်ဆောင်း ပေးလာကြောင်းပြောလာသည်။ ပုံမှန်ဆိုသူတို့က လက်ဆောင်ပစ္စည်းကိုလက်ခံလေ့မရှိပေ

ထိုလက်ဆောင်ထဲမှာ တစ်စုံတစ်ခုပါလာနိုင်တာကြောင့်ဖြစ်သည်။

အခုကပန်းစည်းဖြစ်နေတာကြောင့်သူလဲလက်ခံဖို့ဆုံးဖြတ်လိုက်သည်။ အမည်မဖော်ဘဲပေးလာတာကြောင့်သူလဲ ပို့ပေးသူကိုမမေးတော့ဘဲ လက်ခံသူနေရာမှာလက်မှတ်ထိုးလိုက်သည်။
သူပန်းစည်းကိုင်ပြီးဝင်လာတာမြင်တော့
ဟာဒုံမင်က

''ဝိုးးးး ဝိုးးးး ဝိုးးးးး ချွဲဂိုယောင်လေးကပန်းစည်းကြီးကိုင်လာတယ်ကြည့်စမ်း စာပါ ပါတယ် ဘာတဲ့ 'မကြာခင်ကိုယ်နဲ့ပြန်ဆုံကြမယ် ကိုယ့်ရဲ့လူထူးဆန်းလေး'တဲ့ ပြောစမ်း ဒါကိုဘယ်သူပေးတာလဲ ယောင်းလေက ဒီအစ်ကိုကြီးမသိအောင်ရီးစားထားတက်နေပြီးပေါ့လေ''

ဒုံမင်က ရိးစားခိုးထားတဲ့ညီငယ်လေးကိုအစ်ကိုကမိသွားပြီး ဆူနေတဲ့ပုံစံလေးပြောတော့ ဂိုယောင်နဲ့တခြားသူတွေပါရယ်မိကြ သည်။ထိုထဲတွင် ကင်ရှီဝမ်နဲ့ဂင်ဂျယ်ဟွန်တို့ လူနှစ်ယောက်တော့မပါ ပါ။

ကင်ရှီဝမ်က ချွဲဂိုယောင်ကိုကြည့်ပြီး နှမျောသလို ဝမ်းနည်းလာသလိုခံစားလာရသည်။ချွဲဂိုယောင်ကို ဒီLB Group ကိုစရောက်ရောက်ချင်း သူတွေ့တုန်းက သူ့ရဲ့ဆုံးသွားတဲ့ညီလေးနဲ့ရုပ်ချင်းဆင်တာနေတာကြောင့် သူ့ညီလေးအရင်းလို အစစအရာရာ ဂရုစိုက် ပေးခဲ့တယ် အခုတော့ထိုကလေးတောင်ချစ်သူရနေပြီး ။ သူထိုကလေးကိုတွေ့တိုင် သူ့ညီလေးလို့သာမြင်မိသည်။ဒါပေမဲ့....လက်မခံချင်ပေမဲ့လဲသူညီလေးကသူ့မျက်စိရှေ့မှာဘဲဆုံးသွားပြီးမလား

သူ့အသက်၉နှစ်ပြည့်မွေးနေ့မှာ ခရီးတစ်ခုထွက်ဖို့သူ့မိဘတွေကိုပူစာမိသည်။သားကိုချစ်တဲ့မိဘတွေကတော့သူပူစာတာကိုလက်ခံခဲ့ပြီး သူတို့မိသားစုလေးယောက်ပျော်ရွှင်စွာ ခရီးထွက်ခဲ့ကြတယ် မထင်မှတ်ဘဲ လမ်းအချိုးအကွေ့တစ်ခူမှာ တစ်ဖက်ကလာတဲ့ကုန်တင်ကားတစ်စီးကိုရှောင်ရင်းသူတို့တွေရဲ့ကားကချောက်ထဲကျသွားသည်။ ကံကောင်းတာလာ ကံဆိုးတာလာမသိပေမဲ့ ကားနောက်ခန်းထဲမှာထိုင်နေတဲ့သူက ထိတ်လန့်စွာဖြစ်ကားတံခါးလော့ကိုလျှင်မြန်ဖွင့်လိုက်နိုင်ပြီးကားပေါ်မှခုန်ချလိုက်၍ ေချာက်ပေါ်ရဲ့အစွန်နားလေမှာတင်ကျန်ခဲ့တာကြောင့် ကားထဲတွင်မပါသွားပေမဲ့သူ့မျက်စိရှေ့မှာဘဲသူ့မိသားစုစီးလာတဲ့ကားကချောက်ထဲကျသွား​တာကိုကြည့်ပြီးထိုနေရာမှာဘဲသတိမေ့သွားရသည်။
သူနိုးလာတော့သူ့သူ့အနားမှာအဖေ၊ အမေ၊ ညီလေး မရှိကြတော့ပေ။

You've reached the end of published parts.

⏰ Last updated: Dec 29, 2022 ⏰

Add this story to your Library to get notified about new parts!

System ဂူးဂူး (ongoing) Where stories live. Discover now