system space

2.6K 228 5
                                    

'system space မှ ပြန်လည်ကြိုဆိုပါတယ် host mission  ပြီးမြောက်မှုအတွက် point တွက်ပါမယ်
ပထမ mission အတွက် point 100, ဒုတိယ mission အတွက် point 200, host ရဲ့မူရင်း point 100,
တောင်းပန်ခြင်း point 500,
စုစုပေါင်း point 900,

ဆေးရည်အတွက် point 10 နဲ့
ဒုတိယ mission အတွက် အထက်လူကြီးက အပြစ်ဒဏ်ကိုလျော့ပေါ့တဲ့အနေနဲ့ point 100 ကို  နှုတ်ယူသွားပါမယ် နောက်ပြီး
ဂူးဂူးကိုဝန်ဆောင်ခ point 50 ေပးဆောင်ရပါမယ်

အခုလက်ရှိ host မှာ point 740 ကျန်ပါတယ် host '

'အင်း'

'host ဝမ်းနည်းနေတာမလား'

'ငါ ဝမ်းမနည်းပါဘူး ငါကိုကို့ကိုသတိရတယ်ဆိုပေမဲ့ ကိုကိုနဲ့နေရတဲ့တလျှောက်လုံး အရမ်းပျော်ခဲ့တယ် ကိုကိုက ငါ့အနောက်ကိုမလိုက်လာနိုင်ပေမဲ့ ငါရဲ့နှလုံးသားထဲမှာတော့ ကိုကိုက အမြဲတမ်း ငါနဲ့အတူတူရှိ နေတယ်လေ တာကြောင့်ငါဝမ်းမနည်းဘူး'

' host ဝမ်းမနည်းဘူးဆိုတော့ပြီးတာပါဘာဘဲ ဂူးဂူးက host ဝမ်းနည်းနေတယ်ထင်တာ ဒါဆို host နောက်ကမ္ဘာမသွားခင် skill တစ်ခုသင်ရပါမယ် host

1. အတိုက်ခိုက်
2.အချက်ပြုတ်
3.ဂီတ
ဘာရွေးမလဲ host'

'1'

'ဟုတ်ကဲ့'

'ဒါဆို  host ဒီတံခါးကနေဝင်သွားပါ'

'အင် ဒီတံခါးကဘယ်လိုရောက်လာတာလဲ'

'အဲတာက ရှိနေပါတယ် host skill သင်မှအဲတံခါးကိုမြင်ရမှာပါ'

'အင်း ငါသွားပြီး'

'ဟုတ်ကဲ့ host ကြိုးစားထား'

ကြင်ယာတော်လည်း ဂူးဂူးပြောတဲ့တံခါးထဲဝင်သွားလိုက်သည်။
ကြင်ယာတော် ဝင်သွားတာနဲ့ဂူးဂူးလဲလုပ်စရာမရှိတာကြောင့်အိပ်စောင့်နေလိုက်တယ်

>>>>>>>

ကြင်ယာတော် အပြင်ထွက်လာတာတော့ ဂူးဂူးကအိပ်နေတာကြောင့်သူမနိုးတော့ဘဲထိုင်စောင့်နေလိုက်သည်။

'host ပြန်ရောက်ပြီးလား '

'အင်'

'host မစ်ရှင်းဘား ကြည့်ပါမယ်

အမည် -ကြင်ယာတော်

အသက် -24

လိင် -boy

System ဂူးဂူး (ongoing) Where stories live. Discover now