Arc - 2.8

2.7K 240 7
                                    


ကျောက်လုံ သူအပြင်တစ်ချက်ထွက်သွားတာ ပြန်လာတော့ အခန်းထဲက သခင်လေးရဲ့ငိုသံကိုကြားပြီးအထဲဝင်ကြည့်တော့ သွေးတွေပေနေတဲ့ စစ်သူကြီးမင်ဖုန်ရဲ့ ကိုယ်ကိုပိုက်ပြီးငိုနေတဲ့သခင်လေးကြောင့် သူအမြန်ပြေးသွားရသည်။ပြီးနောက် စစ်သူကြီးကိုကုတင်ပေါ်ကကူတင်ပြီး ဒဏ်ရာတွေကို သန့်စင်ဖို့လုပ်တော့ သခင်လေးက သူလုပ်ယူမယ်ပြောတာကြောင့် သူ သမားတော်ကိုပြေးခေါ်ရသည်။
သူသမားတော်ခေါ်ပြီးပြန်လာတော့ သခင်လေးက သတိမေ့နေတဲ့စစ်သူကြီးရဲ့လက်ကိုကိုင်ပြီးကျောက်ရုပ်တစ်ရုပ်လိုထိုင်နေသည်။

သမားတော်​ကြီးက စစ်သူကြီးရဲ့ ဒဏ်ရာကို ဆေးထည့်ပေး ပြီး ဆေးကြိုဖို့ထွက်သွားတော့ မှ သူလဲ သွေးတွေပေနေတဲ့ သခင်လေးကို
ရေချိုးဖို့ပြောရသည် ဒါတောင်သခင်လေးက လက်မခံ စစ်သူကြီးနိုးလာမှ သူလုပ်မယ်ပြောတာကြောင့် သူလည်
စစ်သူကြီးနိုးလာလို့သခင်လေးကို ဒီလိုပုံစံနဲ့တွေ့ရင်စိတ်မကောင်းဖြစ်နေမယ်ဆိုပြီးပြောလိုက်မှ သူ့စကားကိုနားထောင်သည်။

''အင် ငါသိပြီး ရေသွားချိုးတော့မယ် မင်းသူ့ကိုစောင့်နေနော်''

''ဟုကဲ့''

ရိဟွားလည် ဂူးဂူးကိုမေးစရာလေး တွေရှိနေတာကြောင့် လုံလုံပြောတာကိုလက်ခံပြီး ရေချိုးဆောင်ထဲဝင်သွားလိုက်သည်။

ကျောက်လုံကတော့ အထဲဝင်သွားတဲ့ သခင်လေးကိုကြည့်ပြီး မှားနေတယ် တစ်ခုခုတော့ မှားနေတယ် ဒါပေမဲ့ ဘာကမှားနေတာလဲဆိုတာ သူစဥ်းစားမရ

ရိဟွား ရေချိုးရန်အတွက် အဝတ်တွေကိုတစ်လွှာချင်းစီချွတ်ကာ ရေစည်ထဲမှာဝင်ချိုးနေရင်း ဂူးဂူးပြောတာကိုနားထောင်နေလိုက်သည်

'ဒီလို ပါ host၊ အထက်လူကြီးကို ဂူးဂူး သွားမေးတော့ အထက်လူကြီးက​ပြောတယ်
host ရဲ့လူက host နောက်ကိုလိုက်လာတာတသချာတယ်တဲ့ ဒါပေမဲ့ အဲလိုလိုက်လာဖို့ အချက်သုံးချက်ရှိတယ်

ပထမတစ်ချက်က ကိုယ် ဖန်းတီးထားတဲ့ system မှာ ကိုယ်ပြန်ကစားလို့ရှိရင်ကူးပြောင်းနိုင်တယ်

ဒုတိယအချက်က ဖန်တီးထားတဲ့သူထက်ကို အဲ့ဒီလူက စွမ်းအားမြင့်နေလို့ရှိရင် ကူးပြောင်းနိုင်တယ်

System ဂူးဂူး (ongoing) Where stories live. Discover now