Arc -2.1(ရှောင်ရိဟွား)

3.2K 277 14
                                    

ကြင်ယာတော် နိုးလာပြီး မျက်လုံးဖွင့်လိုက်တော့​ မှောင်မဲပြီး ဘာမှမမြင်ရတာကြောင့်

'ဂူးဂူး '

'ဗျာ'

'ငါတို့မြန်မာနိုင်ငံမှာလား'

'ဘာကိုလဲ host'

'မှောင်နေတယ်လေ'

'.......'

ဂူးဂူး ရဲ့ခေါင်းမှာ? ? ? ? တွေတန်းစီနေပြီး host ဘာကိုပြောချင်တာလဲ

'ဂူးဂူးနားမလည်ဘူး host'

'မှောင်နေတယ်လေ မီးမလာဘူးလား'

'အာ....... အဲတာကဒီလိုပါပါ ၊ host အခုဝင်နေတဲ့ကိုယ်က မျက်စိကွယ်နေတာပါ မီးမလာတာမဟုတ်ပါဘူး host'

'ဪ မျက်စိကွယ်နေတာလာ ငါကမီးပျက်နေတယ်ထင်လို့ sorry'

'ဇာတ်ကြောင်းပို့ရတော့မလား'

'အင်'

''အ ခေါင်းကိုက်လိုက်တာ''

''သခင်လေး........သခင်လေး...... သတိရလားပြီး......ဘယ်လိုနေသေးလဲ...ခေါင်းကိုက်နေလား ဆေးသောက်မလား ကျွန်တော်သမားတော်ခေါ်ပေးရမလား ဒါမှမဟုတ် ''

''​ရတယ် ရတယ် တချက်နားလိုက်ရင်ပျောက်သွားမယ်''

'' ဗျာ  ဟုတ်ကဲ့ ဒါဆိုကျွန်တော်သခင်လေး စားဖို့ဆန်ပြုတ်သွားယူလိုက်ပါမယ် ကောင်းကောင်းအနားယူပါသခင်လေး''

''အင်''

နောက်တံခါးပိတ်သံကြားမှ ကြင်ယာတော် လဲဂူးဂူးပေးတဲ့ဇာတ်ကြောင်းကိုဖတ်ရတော့တယ် 

ဒီကမ္ဘာရဲ့ဇာတ်ကြောင်းက ဇာတ်လိုက်က  ဟန်တိုင်​​ပြည် ရဲ့စစ်သူကြီး
ချောင်မင်ဖုန်း၊သူဟာအသောက်အစားအရုပ်အရှင်းကင်းပြီး အလွန်တော်တဲ့စစ်သူကြီးတစ်ယောက် သူတိုက်လိုက်တဲ့စစ်ပွဲတိုင်းမှာရှုံးဖူးတယ်ဆိုတာမရှိဘူး၊ မင်ဖုန်းဟာ တစ်နေ့ရှောင်တိုင်ပြည်
ကို ဟန်မင်ကြီးနဲ့အတူအလည်ပတ်သွားရင်း ရှောင်မင်းသမီး တနည်းအားဖြစ်ဇာတ်လိုက်မရှောင်ရှင်းရှင်းကိုတွေ့ပြီး ကြိုက်သွာတာကြောင့်ရှောင်မင်းသမီးချစ်ခွင့်ပန်တော့ ရှောင်မင်းသမီးက သူအစ်ကိုကိုပါလက်ထပ်မှ သူက မင်ဖုန်နဲ့လက်ထပ်မယ်ဆိုပြီးပြောခဲ့တာကြောင့်မင်ဖုန်း ဟာရှောင်မင်းသားကို မချစ်ဘဲနဲ့ဂရုစိုက်ပြပြီးချစ်ခွင့်ပန်ခဲ့တယ်။ရှောင်မင်းသားလက်ခံတော့ ရှောင်မင်းသမီးရောမင်းသားရောကို ဟန်တိုင်းပြည်ကိုခေါ်သွားပြီးလက်ထက်ခဲ့တယ်။
တစ်နှစ်ကြာမှာ ရှောင်မင်းသားဟာ ဟန်တိုင်းပြည်ကိုပုံကန်မှုကြောင့် ချောင်မင်ဖုန်ကိုယ်တိုင်ဖမ်းဆီးပြီးသတ်လိုက်တယ်။နောက်တော့သူတို့နှစ်ဦးဟာပျော်ရွှင်စွာအတူနေထိုင်သွားတော့တယ်။

System ဂူးဂူး (ongoing) Where stories live. Discover now