Arc - 3.2

1.9K 203 12
                                    

နောက်တစ်တေ့မနက် ဂိုယောင်နိုးလာတော့ အခန်းထဲမှာဘယ်သူမှမတွေ့ပြန်

'ဂူးဂူး မင်းဟာက လူနာကို လူနာစောင့်က စောင့်တာလား လူနာကလူနာစောင့်ကိုပြန်​စောင့်နေတာလာ ငါနိုးလာတာနှစ်ခေါက်ရှိပြီး နှစ်ခေါက်လုံးလုံး လူနာစောင့်ဆိုလို့ခွေတစ်ကောင် ကြောင်တစ်မှီတောင်ငါမတွေ့ ဒီအချိန်လူသတ်သမားက ငါ့လာပြန်သတ်ရင် ဘယ်သူမှသိမှာမဟုတ်ဘူး'

'host ကလဲပြောဖို့ကြီးဘဲ အခုhost ရဲ့ခေါင်ဆောင်က LB ရုံးချုပ်ကိုတစ်ချက်ပြန်သွားတယ်။ အဲတာကြောင့် ဟာဒုံမင်ကိုလူနာစောင့်ဖို့ခေါ်ထားတယ် သူကလဲ အခု သန့်စင်ခန်းဝင်သွားတယ်'

'ဪ'

''ဂိုယောင် သတိရလာပြီးလား ဆရာဝန်ကပြောတယ်မင်းအားနည်ပြီးသတိမေ့သွားတာတဲ့ အခု ဘယ်လိုနေလဲ သက်သာရဲ့လား''

''အင် သက်သာပါတယ်''

''တော်သေးတာပေါ့ မင်းကတစ်နေ့လုံးတစ်ညလုံးသတိမေ့နေတာငါ့တို့ဘယ်လောက်စိတ်ပူသွားတယ်မှတ်လဲ''

'တစ်နေ့လုံးကမှန်ပေမဲ့ တစ်ညလုံးတော့မဟုတ်ပါဘူးကွာ ငါနိုးလာတာတုန်းကမင်းတို့မှမသိတာ'

''စိတ်ပူစေမိလို့တောင်းပန်ပါတယ်''

''အင်''

''ငါသန်စင်ခန်းသွားလိုက်အုံးမယ်''

''ရလား ငါလိုက်ပို့''

''ရတယ် မလိုက်ပို့နဲ့''

''အင်အဲတာဆိုပြီးရော''

ဂိုယောင်သန့်စင်ခန်းထဲဝင်ပြီး ပြန်ထွက်လာတော့ ဒုံမင်ကိုသူသိချင်တာမေးလိုက်သည်။

''ဒုံမင် မင်းတို့တရားခံကိုဖမ်းမိသွားလာ''

''တရားခံ??''

''အမ် မင်းတို့ငါ့ကိုတွေ့တဲ့အချိန် တရားခံကိုမမိခဲ့ဘူးလား''

''ဟအင်း ငါတို့အဲ့ဘက်ကိုလာရင်းမင်းလဲကျနေတာကိုတွေ့လို့ ဆေးရုံးကိုခေါ်လာတာ''

'ထင်သားဘဲ မမိလိုက်ဘူးဆိုတာ '

'host အခုရောက်နေတဲ့ကမ္ဘာက အပြစ်ဒဏ်ကမ္ဘာနော် တရားခံကို ဒီလိုလွယ်လွယ်နဲ့ဖမ်းမိမလာ'

System ဂူးဂူး (ongoing) Where stories live. Discover now