Arc - 3.7

1.3K 136 6
                                    

ကင်ရှီဝမ် အသက် 29

ဘတ်ဂျီဘွန် အသက် 27

ချဲဂိုယောင် အသက် 25

ဟာဒုံမင် အသက် 25

ယူဟဲဂျွန် အသက် 25

ဂင်ဂျယ်ဟွန် အသက် 23

-----------------------------------------------------------

တရားခံ ယန်ဆယ်ယူက အရင်ကလဲသူစာသင်ပေးတဲ့ကလေးတွေကိုအနိုင့်ကျင့်ဘူးတယ်။အဲတုန်းက ယန်ဆယ်ယူကလူကြီးတွေကိုပြန်တိုင်ရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်တာကြောင့် ကလေးတွေက လူကြီးတွေကို ပြန်မတိုင်ရဲတော့ဘာသံမှမထွက်ဘူး အခုမှသေဆုံးသူမီယွန်က သူ့မှာ ယန်ဆယ်ယူနဲ့ရတဲ့ကလေးရှိကြောင်းပြောရင်းနဲ့သူတာဝန်မယူရင် လူကြီးတွေကိုအပြောပြလိုက်မယ်လို့ပြန်ပြီးချိန်းခြောက်လိုက်တော့အဲ့မှာ ယန်ဆယ်ယူကဒေါသထွက်ပြီးမီယွန်ကိုသတ်မိသွားတာ အခုတော့သူက လူသတ်မှုအပြင် မုဒိန်မှုပါပေါင်းပြီး ရုံးတော်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်တယ်
.
.
.
.
.
.
.
.
.
.

LB Group
PC Meeting room
ဂျယ်ဟွန် က ကွင်းဆက်လူသတ်မှုရဲ့တရားခံနဲ့ပတ်သက်တဲ့သဲလွန်စတချို့ကိုရလိုက်တာကြောင့် ဂိုယောင်တို့ အခု PC meeting room မှာစုဝေးနေခြင်း။ဂိုယောင်တို့ meeting room ထဲရောက်ပြီးသူနေရာသူဝင်ထိုင်ပြီးချိန် အခန်းတစ်ခုလုံးကမှောင်ကျသွားပြီး ပရိုဂျက်တာက အလင်းရောင်သဲသဲသာရရှိသည်။
ခေါင်းဆောင်ဂျယ်ဟွန်က ကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ ပရိုဂျက်တာရှေ့ကိုသွားကာ

''ဒါကလွန်ခဲ့တဲ့ ငါးနှစ်က SSD ကျောင်းကကျောင်းသား၊ကျောင်းသူတွေ လေ့လာရေးခရီးထွက်တုန်းကရိုက်ထားတဲ့
ပုံတွေ ''

သူတို့လဲ ဒီအမှုက SSD ကျောင်းနဲ့ဘာများသက်ဆိုင်နေမှန်းမသိပေမဲ့လဲ ဂျယ်ဟွန်ကိုမမေးဖြစ်။ဂျယ်ဟွန်က သူတို့အဖွဲ့မှာအသက်ငယ်ဆုံးဖြစ်ပေမဲ့လဲ သူကအမှုတစ်ခုကို
လိုက်တဲ့အချိန်မှာ သူတို့ထက်ကို ပိုပြီးတိကျသေချာပြီး အဖွဲ့အပေါ်ဦးဆောင်မှုအပြည့်ရှိတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်။
ဒါကြောင့်လဲ သူတို့က သူတို့ထက်ကို
အနေတည်ပြီးတော်တဲ့ ဂျယ်ဟွန်ကို အသက်ငယ်တယ်ဆိုပြီး မစနောက်ရဲကြဘူး ထိုအစား ဂျယ်ဟွန်ပြီးရင်အငယ်ဆုံးဖြစ်တဲ့ ဂိုယောင်ကိုသာချစ်စနိုးနဲ့စနောက်ကြတယ်။
ထိုစနောက်တဲ့အထဲမှာ ဟာဒုံမင်အဆိုးဆုံး

System ဂူးဂူး (ongoing) Where stories live. Discover now