Arc - 3.6

1.7K 175 11
                                    

ဂိုယောင်တို့လဲမိုးချုပ်နေပြီးမို့ LB Gကိုမပြန်တော့ဘဲကွန်ဒိုကိုသာပြန်လာလိုက်သည်။သူနဲ့ဂျယ်ဟွန်နေတဲ့ကွန်ဒိုအတူတူဘဲမို့ဂျယ်ဟွန်ကသူ့ကိုတကူတကလိုက်ပို့စရာမလိုဘဲအဆင်ပြေသည်။

သူလဲ အခန်းထဲရောက်တာနဲ့ တစ်နေ့လုံပင်းပန်းထားတာကြောင့် ရေမိုးချိုးပြီး မီးဖိုချောင်ထဲဝင်ကာ မီးဖိုကိုကြည့်ပြီးဖုန်ထုတ်ကာပြန်ထွက်လာလိုက်သည်။
သူမှထမင်းမချက်တက်တာ အဲတော့
မှာစားရုံပေါ့ ၂နာရီလောက်နေတော့ စားစရာတွေလာပို့တာကြောင့် သူ့နဲ့ဂူးဂူးနဲ့အတူစားပြီးအိပ်ဆက်ဖို့ပြင်တော့သည်။

>>>>

ဂျယ်ဟွန် တပတ်တစ်ထည်ကို ခါးမှာပတ်ပြီးကျန်တစ်ထည်ကိုခေါင်းမှာအုပ်ကာ ရေချိုးခန်းကနေထွက်လာသည်။
ခေါင်းကိုခြောင်အောင်သုတ်ရင်း ဖုန်းယူပြီး ဟာဒုံမင်ကိုဆက်သွယ်ကာအချက်လက်တစ်ချို့ကိုစုံစမ်းခိုင်းလိုက်သည်။

ပြီးနောက်ဖုန်းကိုခုံပေါ်တင်ပြီး ခုံပေါ်က ကောင်လေးနှစ်ယောက်ပုံကိုတစ်ချက်ကြည့်ကာ

''မင်းဘယ်တော့မှငါ့ကိုမှတ်မိမှာလဲ''

ဓာတ်ပုံထဲက ကောင်းလေးတစ်ယောက်မျက်နှာကိုအသာပွတ်သာရင်းရေရွတ်လိုက်သည်။

>>>>>>>>

ဆူဟိုရဲ့အမေက သူတို့ကိုဆူဟိုရောက်ပြီးဖြစ်ကြောင်းဖုန်းဆက်သွယ်အကြောင်းကြားလို့ ဂိုယောင်နဲ့
ဂျယ်ဟွန် လဲ ဆူဟိုရဲ့အိမ်ကိုရောက်လာသည်။

အခုလက်ရှိသူနဲ့ဂျယ်ဟွန်က ဆူဟိုရဲ့အခန်းထဲမှာဘေးချင်းကပ်ထိုင်ပြီး သူ့တို့ရဲ့ရှေ့မှာဆူဟိုက ထိုင်နေသည်။
ဆူဟို မျက်နှာကဖြူရော့နေပြီး နှုတ်ခမ်းတွေလဲခြောက်သွေ့နေကာမျက်လုံးတွေအွန့်နေလေရဲ့ နေမကောင်းတာလာငိုထားတာလာမသဲကွဲဘူး

''မင်း ဆော့မီယွန်ဆုံးသွားတာသိပြီးထင်တယ်''

''ဟုတ်ကဲ့ ကျွန်တော်သိပြီးပါပြီး''

''ကောင်းပြီး ဆော့မီယွန်မှာကိုယ်ဝန်ရှိနေတယ်ဆိုတာ လီဆူဟိုသိလား''

''ဟုသိပါတယ် သူနဲ့ကျွန်တော်လမ်းခွဲသွားတာလဲအဲ့ကိစ္စကြောင့်ပါ''

System ဂူးဂူး (ongoing) Where stories live. Discover now