Arc - 2.11

3.1K 282 9
                                    

''ဟိုရောက်ရင် ကိုယ်ပြောပြမယ် ကလေးငယ်ငယ်က ကိုယ့်ကိုယုံမယ်မလား''

''အင်ယုံတယ်''

''လိမ္မာတယ်''

မင်းဖုန် ကလေးငယ်ကို ပွေ့ချီထားတဲ့အတိုင်း သူရဲ့ စာကြည့်ခန်းဆီခေါ်လာသည်။ အခန်းထဲရောက်တော့ ကလေးငယ်ကိုအောက်ချပေးပြိီ သူက အလှပန်းအိုးထားထားတဲ့နေရာကိုသွားပြီး ထိုပန်းအိုးကို လှည့်လိုက်သည်။
ရိဟွား သူကိုကိုရဲ့ စာကြည့်ခန်းကိုလိုက်ကြည့်နေတုန်း သူ့ရှေ့ကစာအုပ်ထားထားတဲ့စင်ရွှေ့သွားပြီး အပေါက်တစ်ခုပေါ်လာသည်။

''ကိုကို''

'' ကိုယ့်ရဲလျို့ဝှက်ခန်းလေ လာကိုယ်နောက်လိုက်ခဲ့''

''ဟု''

ရိဟွားတို့ ထိုအထဲဝင်သွားတော့ မှောင်နေတာကြောင့်ဘာမှကိုသေချာမမြင်ရ။
ခဏနေတော့ ကိုကို မီးထွန်းလာတာကြောင့် သူရှေ့ကို ကြည့်တော့

''ကိုကို ဒါက''

>>>>>>>

''ဘာ! ! မဖြစ်နိုင်တာ အိမ်ရှေ့စံမင်းသားက သေသွားပြီးလေ ငါကိုယ်တိုင်...''

''တွေ့ခဲ့လား သူအလောင်းကို ''

မတွေ့ဘူး သူ မင်သားကို ချောက်ထဲတွန်းချခဲ့ပေမဲ့ မင်းသားရဲ့အလောင်းကို​ တော့ ရှာမတွေ့ဘူး။ဒါကြောင့် သူက မင်းသားနဲ့အရွယ်တူတဲ့ တခြားကလေးရဲ့အလောင်းနဲ့ အစားထိုးခဲ့တယ်။မျက်နှာကိုတော့ မင်းကြီးနဲ့ မိဖုရာခေါင်ကြီး တို့မမှတ်မိအောင်ပျက်စီးခဲ့ပေမဲ့
မိဖုရားခေါင်ကြီးကမယုံကြည်ဘဲ သူကိုသံတယဝင်လာတာကြောင့် မိဖုရားခေါင်ကြီးကိုလဲ သူရှင်းပြစ်ခဲ့တယ်

''မတွေ့ဘူးမလား အသုံးကိုမကျဘူး အခုတော့ သူကအသက်ရှင်နေပြီး ငါတို့ကိုပုန်ကန်နေပြီးဖို့ကြိုးစာနေတယ်တဲ့ ''

''မယ်တော်ကြီးက ဘယ်လိုသိလဲ ''

''ရှောင်မင်းသမီးဆီက သိတာ ဒါပေမဲ့ ငါ့လူတွေကို စုံစမ်းခိုင်းထားတယ် ပြီးတော့ အမတ်ချုပ်ကြီးဘက်ကလဲ ရှောင်မင်းသမီး စောင့်ကြည့်ထား ပြီးတော့ မင်းသား ကိုပါစောင့်ကြည့်ထားလိုက်''

System ဂူးဂူး (ongoing) Where stories live. Discover now