Arc - 2.4

2.8K 283 3
                                    

''အခုလိုလိုက်ပို့ပေးတဲ့အတွက် ဟန်မင်းကြီးကိုကျေးဇူးတင်ပါတယ်''

ဟန်လျူချန် ရိဟွားလေးရဲ့ စကားကြောင့် အနည်းငယ်အံသြသွားရပေမဲ့ လည်း သဘောကျစွာပြုံးလိုက်ပြီး

''သိနေတာလာ''

''အဟက် ထူးဆန်းလို့လား ၁၀ နှစ်ကျော်လောက် အမှောင်ထဲ့မှာနေနေရတဲ့သူက ကိုယ့်အနားကိုသူစိမ်း
တစ်ယောက် ရောက်လာတာကိုမသိမှ
ထူးဆန်တယ်လို့မခေါ်ဘူးလား ''

''......''

''နောက်ပြီး စည်းကမ်းအရမ်းတင်းကျပ်တဲ့ဟန်နန်းတော်လိုနေရာမှာ တံဆိပ်ပြားမပါဘဲ စစ်ဆေးမေးမြန်းခြင်းမရှိ ဝင်ထွက်သွားလာနိုင်တာ ဟန်မင်းကြီး အပြင်ဘယ်သူရှိသေးလဲ ၊ ကျွန်တော်အထင်
မင်ဖုန်ကော တောင် တံဆိပ်ပြားနဲ့မှဝင်ခွင့်ရသလိုဘဲ''

''အဟွန်း ရှောင်မင်းသားက ကြားထားရတဲ့သတင်းတွေ အတိုင်း ထက်မြတ်ပါပေတယ်''

''ဟင်း ဟင်း မင်းကြီးတော့ ကျွန်တော်ကိုမြှောက်ပြောနေပြန်ပါပြီး''

''လျူချန် ''

''ဟင်? ?''

''ကိုယ်​ကို လျူချန် လို့ခေါ်လို့ရတယ်''

''မသင့်တော်ပါဘူး''

''ကိုယ်ခွင့်ပြုတယ်''

''ဒါဆို ကျွန်တော် လျူချန်ကော လို့ခေါ်မယ်လေ''

''အင်း ''

''ဒါဆို အချိန်လဲလစ်နေပြီးထင်တယ် လျူချန်ကော ကမင်းကြီးဆိုတော့ အလုပ်တွေများနေ မှာပေါ့ ကျွန်တော်လဲပင်ပန်းထားတော့ အထဲဝင်ပါတော့မယ် ၊ မင်း အဲ့ လျူချန်ကောလဲကောင်းကောင်း အနာယူပါ''

''အဟွန်း ကောင်းပါပြီး''

ရိဟွား လည်း လျူချန်ကော သွားပြီးဆိုမှ အဆောင်ထဲဝင်ကာ ရေချိုးပြီးတစ်နေတာလုံးပင်ပန်းမှုအတွက်အိပ်စက်အနားယူရန် ကုတင်ပေါ်သို့သွားပြီးလှဲချလိုက်သည်။

''ဝါးးအခုမှဘဲနေလို့ကောင်းတော့တယ် ဟူးးးး''

'ဂူးဂူး '

'ဗျာ'

'ငါ့မျက်လုံးတွေပြန်မကောင်းနိုင်တော့ဘူးလား'

System ဂူးဂူး (ongoing) Where stories live. Discover now