Arc - 2.7

2.7K 250 13
                                    

''ကိုယ်ချောလာ''

''ဟင်''

''အဟွန်း ကလေးက ကိုယ့်ကိုတစ်လမ်းလုံးကြည့်လာတာဆိုတော့ မေးကြည့်တာပါ''

''မင်ဖုန်ကော ချောလာမချောလာ သိချင်ရင် ရှောင်ရှင်းရှင်းကို မေးကြည့်လေ ကျွန်တော်ကို့မေးလို့လဲ ဘာထူးဖို့ ကျွန်တော်မှ မမြင်ရတာ''

''သေချာလားကလေးရဲ့''

''ဘာကို''

'' ကလေးကိုယ့်ကိုမမြင်ရဘူးဆိုတာလေ ကိုယ်ထင်တော့ ကလေးမျက်လုံးပြန်မြင်ရပြီးထင်နေတာ''

'ဂူးဂူးသူသိသွားပြီးလာ'

'ဖြစ်နိုင်တယ် ဒါပေမဲ့ ဘယ်လို့သိတာလဲ host မျက်လုံးကို ပုဝါစီးထားတာဘဲလေ'

'အေလေ'

''ရူးနေလား ကျွန်တော်ကဘာလို့မြင်ရ မှာလဲ ''

''အဟွန်း ဟုတ်ပါပြီး''

'host လမ်းဆင်း မလျှောက်တော့ဘူးလား'

'ဪအေ မေ့နေတာ'

ဂူးဂူး သူ့host ကိုမျက်စောင်ထိုးလိုက်သည်။

''မင်ဖုန်ကော ကျွန်တော့ကိုအောက်ချပေးတော့ ကျွန်တော် လမ်းလျှောက်ယူမယ်''

'' ကလေး​လေးရဲ့ နန်းဆောင်ကို ရောက်တော့မှာဘဲ ကိုယ်ဘဲလိုက်ပို့ပေးမယ်''

''အင်

နန်းဆောင်ရှေ့ကိုရောက်နေပြီးမို့  ကျောက်လုံက အခန်းတံခါးကို ဖွင့်ပေး ပြီးအပြင်မှာ​စောင့် နေလိုက်သည်။
သူလည်းဘဲ  ကလေးကိုချီထားရင်း အခန်းထဲဝင်ကား ကလေးကို ခုံပေါ်မှာပေးထိုင်လိုက်ပြီး သူက ကလေးငယ်ရဲ့လုပတဲ့မျက်လုံးတွေကိုအုပ်ထားတဲ့ ပုဝါကိုဖြုတ်ပေးလိုက်တော့ အလန့်တကြားဖြစ်

'' ဘာလို့ဖြုတ်လိုက်တာလဲ''

''ကိုယ်အတည်ပြုချင်လို့''

''ဘာ ဘာကိုအတည်ပြုမှာလဲ''

မင်ဖုန် သူကလေးကိုစချင်လို့အတည်ပြုချင်တယ်လို့ပြောပြီး ကလေးငယ်ရဲ့မျက်နှာနားကိုတိုးသွားတော့ သူ့ကလေးငယ်ကချွေးပြန်နေပြီး သူသိတာပေါ့ သူကလေးငယ်မျက်လုံးတွေက ပြန်မြင်နေရပြီးဆိုတာ မနက်ကသူသာ ကလေးအခန်းကိုနောက်တစ်ခေါက်ပြန်မသွားရင် ကလေးမျက်စိပြန်မြင်နေရပြီးဆိုတာသူသိမှာမဟုတ်။
အဲတုန်းက ကလေးငယ်က ပန်းချီစာရွက်ကိုသေချာစိုက်ကြည့်ပြီးမှ
ကျောက်လုံးကိုပေးလိုက်သာ သူတွေ့သည်။ ဒါပေမဲ့လဲ ကလေးကမျက်လုံးကို ပုဝါစီးထားတာကြောင့် သူမတွေးမိလိုက်ဘူး။ ခုဏတုန်းကသူကလေးကိုပွေ့ချီလာရင်း ကလေးကိုကြည့်မိတော့မှ ကလေးငယ်က ပုဝါအောက်ကနေသူကိုစိုက်ကြည့်နေပြီးသူပြန်ကြည့်လိုက်ရင် မျက်လွှာလေးချကာ ရှောင်လိုက်တာကိုသူတွေ့လိုက်သည်။ အဟွန်း လူလည်လေး ပုဝါအဝေးကကြည့်ရင်ထူတယ်လို့ထင်ရပေးမယ့်အနီးကကြည့်ရင်တော့ ပါးပါးလေးရယ် ဒါတောင်သေချာ
စိုက်ကြည့်မှသိမည်။ ဒီပုဝါကိုကလေးကဘယ်ကရှာတွေ့တာလဲ

System ဂူးဂူး (ongoing) Where stories live. Discover now