Arc - 3.4

1.6K 191 9
                                    

''ဒီကညီမလေးက ဆော့မီယွန်ရဲ့သူငယ်ချင်းပေါ့''

ဂိုယောင်တို့နေ့လည်စားစာပြီးတော့ ကျောင်းထဲဝင်ပြီး ကျောင်းအုပ်ကိုခွင့်တောင်းကာ ဆော့မီယွန်ရဲ့သူငယ်ချင်တွေကိုခေါ်ယူမေးမြန်းနေသည်။

''ဟု ဟုပါတယ်''

ကျောင်းသူက မျက်နှာတည်တည်နဲ့ထိုင်နေတဲ့ ဂျယ်ဟွန်ကိုကြည့်ပြီး ကြောက်လန့်နေတယ်။

''အစ်ကို တို့ကို ကြောက်စရာမလိုပါဘူးအစ်ကိုတို့က ဆော့မီယွန်နဲ့ပတ်သက်တဲ့ မေးခွန်းလေးနည်းနည်းမေးယုံပါ''

''ဟုတ် ဟုတ်ကဲ့ ဟို မီယွန်ကဘာဖြစ်လို့လဲ''

အင်းသူ့သူငယ်ချင်းဆုံးသွားတာမသိသေးဘူးနဲ့တူတယ်

''ဪ သူမက... ''

ဂိုယောင်ဖြေဖို့လုပ် ေခါင်းဆောင်က

''ဒီမနက်ဘဲသူ့ကိုယ့်သူ အဆုံးစီရင်
လိုက်တယ်''

''ဟင်း ဟင့် ဟင့်''

ခေါင်းဆောင်ရဲ့စကားကိုကြားပြီးကျောင်းသူမှာမထင်မှတ်ထားဘူးထင် အံသြနေပြီး နောက်မှ စတင်ငိုကြွေးလာတော့သည်။

ဂိုယောင်းခေါင်းဆောင်ရဲ့ စကားကိုနားလည်သည်။လူသတ်သမားကိုမမိခင်အချိန်ထိ သေဆုံးသူရဲ့ သေဆုံးခြင်းအမှန်ကို လူတိုင်းကိုထုတ်ပြောပြလို့မဖြစ် အခုချိန်မှာအားလုံးက သံသယရှိတဲ့သူတွေကြီးဘဲ

ဂိုယောင်တို့လဲသူမငိုပြီးတဲ့အထိစောင့်ပေးလိုက်သည်။ပြီးမှ

''တာကြောင့် ဒီက ညီမက အစ်ကိုတို့မေးတာကိုဖြေပေးပါ''

''ဟုတ် ဟုတ်ကဲ့''

''ဆော့မီယွန်နဲ့က သိတာဘယ်လောက်ကြာပြီးလဲ''

''မီယွန်နဲ့က အလယ်တန်းကျောင်းတက်တုန်းကသိတာပါ''

''အင်း ကြာပြီပေါ့ ဒါဆို.. ဆော့မီယွန်ကိုလိုက်နှောက်ယှက်တဲ့သူတွေ အနိုင်ကျင့်တဲ့သူတွေ ရှိလား''

''မရှိဘူး မီယွန်က ပျော်ပျော်နေတက်တဲ့ကောင်းမလေးပါ ဘယ်သူနဲ့မှမတည့်တာမရှိပါဘူး ''

''ဆော့မီယွန်မှာ ချစ်သူရည်းစားတွေမရှိဘူးလား''

ဂိုယောင်က သိချင်တာကိုဝင်မေးလိုက်သည်။သူသိပ်မသေချာပေမဲ့ ဆော့မီယွန်ကို စမ်းသပ်ကြည့်တုန်က ဝမ်းဗိုက်တစ်နေရာမှာ အလုံးလေးတစ်လုံးကိုတွေ့တယ် သူ့စိတ်ထင် ဆော့မီယွန်မှာကိုယ်ဝန်ရှိနေတာလား။

System ဂူးဂူး (ongoing) Where stories live. Discover now