Arc - 2.10

2.6K 240 8
                                    

''မယ်တော်ကြီး ရှောင်မင်းသမီးကတွေ့ခွင့်တောင်းနေပါတယ်''

''ဝင်ခိုင်းလိုက်''

''မယ်တော်ကြီးကို ဂါဝရပြုပါတယ်''

''အင် ဒီမယ်တော်ကြီးဆီကိုလာရတဲ့အကြောင်းရင်းလေး ပြောပါအုံး''

''ရှင်းရှင်း မယ်တော်ကြီးနဲ့အပေးယူတစ်ခုလုပ်ချင်တယ် ''

''ဘယ်လို?? အပေးယူ''

''ဟုတ်ပါတယ် မယ်တော်ကြီးဘက်က သဘောမတူဘူးဆိုရင်မယ်တော်ကြီးရဲ့လျှို့ဝှက်ချက်တစ်ခုကို ပြည်သူတွေသိအောင် ရှင်းရှင်း ပြောပြရလိမ့်မယ်''

''မင်းက ငါကိုချိန်းခြောက်နေတာလာ''

''ဟုတ်ပါတယ်''

''ဟင်းဟင်း.. ဘယ်လိုလုပ်မလဲ မင်းသမီး ချိန်းခြောက်တာကို ဒီမယ်တော်ကြီးကကြောက်မနေဘူးဆိုရင်ရော''

''အင်းးးး ဒါဆိုရင်လဲ ရှင်းရှင်းဘက်က ပြည်သူတွေကို မယ်တော်ကြီးက တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားကိုသတ်ပြီး သားဖြစ်သူကို ထီးနန်းလွှဲပေးလိုက်တယ်လို့ ပြောလိုက်ရင် အရင်ကမယ်တော်ကြီးအပေါ်မှာထားရှိတဲ့ သူတို့ရဲ့သဘောထားကပြောင်းလဲသွားမယ်ထင်တယ် ''

''မင်း မင်း!ဘယ်လို''

''ဘယ်လိုလဲ အပေးအယူကအလုပ်ဖြစ်ပြီးလား''

မယ်တော်ကြီး စဥ်းစားလိုက်ပြီးမှစိတ်ကိုလျှော့ချကား

''ကောင်းပြီး! မင်းရဲ့အပေးယူကဘာလဲ ''

''ဒါကတော့ မယ်တော်ကြီးအတွက်ကလွယ်လွယ်လေးပါ မယ်တော်ကြီးရဲ့အမိန့်နဲ့ စစ်သူကြီး နဲ့ ရှင်းရှင်းကိုလက်ထပ်ပေးရမယ် ''

''အဲ့လိုလုပ်ရင် ငါကဘာပြန်ရမှာလဲ''

''ရှင်းရှင်းကြားထားတဲ့သတင်းတစ်ခုရှိတယ် အဲတာက အိမ်ရှေ့စံမင်းသား က အသက်ရှင်နေပြီး မယ်တော်ကြီးကို ပုန်ကန်ဖို့လဲကြိုးစားနေတယ်တဲ့''

''ဘာ!! မဖြစ်နိုင်တာ သူကသေသွားပြီးလေ ''

''အဲတာတော့ရှင်းရှင်းလဲမသိဘူး အခုတော့ ရှင်းရှင်းကိုသွားခွင့်ပြုပါအုံး''

ရှင်းရှင်းမယ်တော်ကြီးကိုဂါဝရုပြုပြီးထွက်လာလိုက်သည်။သူ ဒီအကြောင်းတွေကို ရှောင်တိုင်းပြည်မှာ မွေးစားအဖေပြောတာကိုမထင်မှတ်ဘဲကြားသိရပြီး မထင်ထားဘူး အခုလို အသုံးဝင်မယ်လို့

System ဂူးဂူး (ongoing) Where stories live. Discover now