Arc - 3.3

1.9K 195 4
                                    


ဂိုယောင်တို့အခင်းဖြစ်တဲ့နေရာကိုရောက်တော့ လူနာတင်ကားနဲ့
LB group ကလူတစ်ချို့ကကြိုရောက်နေပြီး ဘေးမှာလဲ အိမ်နီးချင်များက စပ်စုနေကြသည်။ တော်သေးလို့ အခင်းဖြစ်တဲ့နေရာကို ကြိုးတားထားလို့

''ခေါင်းဆောင် ဒီဘက်ပါ''

''အင်''

ဂိုယောင် သေဆုံးသူအမျိုးသမီးကို သေချာစစ်​ဆေး ကြည့်ပြီးနောက်

''သေဆုံးသူ အမျိုးသမီးက သေဆုံးချိန် သုံးနာရီဝန်းကျင်လောက်ရှိပြီး ၊
လည်ပင်က ကန့်လန့်ဖြတ် ကြိုးရာကလွဲအခြားပြင်ပဒဏ်ရာကြီးကြီးမားမားမရှိဘူး ''

''ဒါဆို ငါတို့ဒီအမှုကို ဆက်လိုက်စရာမလိုတော့ဘူးပေါ့''

ဘတ်ဂျီဘွန်ရဲ့စကားကို ဂိုယောင်က ခေါင်းအသာခါကငြင်းဆန်သည်။

''မဟုတ်ဘူး လိုတယ် တကယ်တော့ သေဆုံးသူက ဆွဲဲကြိုးချ သေဆုံးသွားတာ မဟုတ်ဘူး။ သေဆုံးပြီးမှ ဆွဲကြိုးချခံရတာ''

ဂိုယောင်စကားကြောင့် အားလုံးက ခေါင်းရှုပ်သွားရသည်။

''အားလုံးဘဲ ဒီမှာကြည့်''

ဂိုယောင်က သေဆုံသူရဲ့လည်ပင်နေရာကို ညွှန်ပြတော့ အားလုံးကကြည့်လာသည်။

''သေဆုံးသူရဲ့လည်ပင်းက ကြိုးရာက ကန်လန့်ဖြတ်ပုံစံရှိနေတယ် အင်းးး အလွယ်နည်းပြောရရင် 'ပ' ပုံစံရှိနေတယ်။​ အမှန်တကယ် ကြိုးဆွဲချ သတ်သေကြတဲ့သူတွေက သူတို့ရဲ့ လည်ပင်မှာကျန်ရစ်နေမဲ့ ကြိုးရာကာ 'ပ' ပုံစံဟုတ်ဘဲ 'v' ပုံစံရှိရမယ်။

အခုသေဆုံးသူက ကို့ကိုယ်ကို ကြိုးဆွဲချ သတ်သေလို့ လည်ပင်းရိုးပြုတ်ပြီးသေဆုံးသွားတာမဟုတ်ဘဲ အသက်ရှုလမ်းကြောင်းပိတ်ပြီး သေဆုံးသွားတာ၊

ပြီးတော့ သူမသာ အမှန်တကယ်ကြိုးဆွဲချသတ်သေရင် သူမရဲ့လက်မနှစ်ခုက လက်ဖဝါးထဲကန်လန့်ဖျတ်လက်သီဆုပ်ပုံစံရှိနေပြီး လက်ကလဲတဖြောင့်ထဲရှိနေမယ်၊

အခုသူမက သူ့အသက်မသေဆုံးမှီ ခုခံကာကွယ်ထားပုံရတယ်၊သူမရဲ့တတောင်ဆစ်နေရာက ကွေးနေပြီးတောင့်တင်းနေတယ် ပြီးတော့လက်ဆစ်တွေရောဘဲ နောက်ပြီးအရေးကြီးဆုံးက သူမရဲ့လက်သည်းထဲမှာ အသားစတချို့ ရှိနေတယ် ''

System ဂူးဂူး (ongoing) Where stories live. Discover now