Ep_4

9.3K 425 38
                                    

Uni

"ရပါတယ် ကျွန်မတို့ သူငယ်ချင်းကဒီလိုပဲ စိတ်မပူနဲ့ သွားစရာရှိတာသာ ဖြောင့်ဖြောင့်သွားနော်"

စောယုနဲ့ အထွန်းက အားနာသွားတာကြောင့် အဆင်ပြေကြောင်း ပြောပြပြီး ထိုလူကို ဒီနေရာမှအမြန်သွားခိုင်းတော့သည်။

"ဟုတ်ကဲ့...အဲ့ဒါဆို ကျေးဇူးတင်ပါတယ် ခဗျ
ကျွန်တော့်ကိုလဲ သွားခွင့်ပြုပါဦး"

မြတ်မင်းခန့် နှုတ်ဆက်ပြီးတာနဲ့ ဆိုင်ကယ်ပေါ်တက်ပြီး အမေတို့ ရှိရာကိုသာပြန်လာခဲ့တော့သည်။

ဟို ငစွာမလေးက အကြောတော့မသေး။မျက်နှာကြောကို တင်းပြောင်နေပြီး ဘယ်ကောင်ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံ။မျက်လုံးက ဒေါသအပြည့်နဲ့ကြည့်နေပေမဲ့ တော်တော်တော့ ဆွဲဆောင်မှုရှိတယ်ဆိုတာ ခံစားမိလိုက်သည်။နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရန်တွေ့နေပုံက မုန်းစရာမကောင်းပဲ ချစ်စရာကောင်းနေသလိုပင်။မြတ်မင်းခန့် ကိုယ့်ကိုယ်ကိုတောင် သတိမထားမိပဲ ပြုံးမိသွားသည်။ဒီပြည်မြို့မှာ နေနေသရွေ့တော့ သူမနဲ့ တစ်ခေါက်လောက်တော့ ပြန်ဆုံချင်မိသေးသည်။

×××××

"ဟဲ့ သုန်သုန်မ နင်ကလဲ အားနာစရာကြီး တစ်ခုခုတော့ပြန်ပြောလိုက်တာမဟုတ်ဘူး"

"ဘာလို့ပြန်ပြောရမှာလဲ....အကောင်က ရုပ်ကိုဗန်းပြပြီး အသနားခံနေတာအသိသာကြီးကို"

"အေးဟုတ်တယ်နော်........အဆင်လေး...ဟိဟိ"

"အဆင်လေးလုပ်မနေနဲ့...ရုပ်ကအဆင် အတွင်းစိတ်က မစင်ဖြစ်နေတဲ့ အကောင်တွေမှအများကြီးပဲ"

"သုန်သုန်ရာ အစားစားနေတဲ့ အချိန် ရွံစရာတွေပြောမနေစမ်းပါနဲ့....စားစရာရှိတာသား....စကားများမနေကြနဲ့"

အထွန်းကကြားထဲက ၀င်ထိန်းပေးရတော့သည်။
အမှန်ကတော့ အထွန်းက စောယုကိုကြိတ်ပြီး စိတ်၀င်စားနေတာကြောင့် ဟိုငနဲကောင်အကြောင်း ဆက်ပြောမှာကိုမလိုလားတဲ့ အတွက်ကြောင့်ဖြစ်သည်။

"အမြန်စားကြ ငါကစားပြီးတာနဲ့ ပြန်တော့မှာ ရေချိုးပြီးနားချင်နေပြီ"

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now