Ep_19

7.5K 346 34
                                    

Uni

"ငါမင်းကိုချစ်တယ် မေ၀သုန်"

အရှိန်အဟုတ်ပြင်းစွာနဲ့ နားထဲကို ထိုး၀င်လာသော သြရှရှအသံကြောင့်  မေ၀သုန်ရဲ့မျက်လုံးလေး၀ိုင်းစက်သွားကာ မျက်ခုံးပါ ပင့်မိသွားဖြစ်သွားသည်။

ချစ်တယ်...... သူအခု ငါ့ကို ချစ်တယ်လို့ပြောလိုက်တာလား ?

"........"

ခြုံခိုတိုက်ခိုက်ခံလိုက်ရသလို အငိုက်မိသွားတာကြောင့်  ဘာပြန်ပြောလို့ ပြောရမလဲ မသိ။

"မေ၀သုန်..... မင်းငါ့ကို စိတ်ဆိုးသွားတာလား ?"

အခုချိန်မှာ ဘယ်လိုခံစားမှုမျိုးဖြစ်နေလဲဆိုတာ ကိုယ်ကိုယ်တိုင်တောင် မသိတော့ပါ။ ရည်းစားစကား အပြောခံလိုက်ရပေမဲ့ စိတ်ဆိုးဒေါသထွက်ခြင်းမရှိပဲ  အံသြတုန်လှုပ်နေသလို ခံစားမှုမျိုး။ ဘာလို့အခုလိုမျိုး ပြောရတာလဲဆိုတာ ပြန်ပြီးရန်တွေ့ချင်နေပေမဲ့  နှလုံးသားကခွင့်မပြုသလိုမျိုး။

အချိန်တစ်ခဏတာ တွေဝေပြီးတော့မှ......

"နင်နဲ့ငါနဲ့ သိတာ သုံးလကျော်ပဲရှိသေးတယ်နော်....... အဲ့ဒါကို နင်ကငါ့ကိုချစ်တယ်ဆိုပြီးပြောတော့ ငါကဘယ်လိုယုံကြည်ရမှာလဲ ?"

သတ္တိဆိုတာမျိုးက ဒီလိုနေရာမှ ထုတ်သုံးမှရတော့မည်။ တခြားမိန်းကလေးတွေလို ရှက်သလိုလိုကြောက်သလိုလို အိညှောင့် အိညှောင့်နဲ့ တော့မလုပ်ပြနိုင်။ အဲ့လို မျိုးက မေ၀သုန်ရဲ့ စတိုင်လဲမဟုတ်။ ပြတ်ပြတ်သားသား တည်တည်ငြိမ်ငြိမ်နဲ့ ပြောရဲဆိုရဲ ရှိတာမှသာ ကိုယ့်ရဲ့ ပုံစံအစစ်အမှန်ဖြစ်သည်။

"လူတစ်ယောက်ကို ချစ်မိဖို့ဆိုတာ သုံးလမဟုတ်ဘူး တစ်စက္ကန့်ထဲနဲ့တောင် ချစ်မိနိုင်တယ်....."

"......."

"မင်းငါ့ကို စဥ်းစားပေးမယ်မဟုတ်လား"

မျှော်လင့်တကြီးနဲ့  အတင်းမျက်လုံးချင်းဆုံအောင်ကြည့်ပြီး မေးလာသော မြတ်မင်းခန့်ကြောင့်  မေ၀သုန် သူ့ရဲ့စိတ်ကို လက်ခံပေးချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။ အခုလို ​ဖွင့်ပြောဖို့ဆိုတာကလဲ တော်ရုံသတ္တိမျိုးတော့မဟုတ်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now