Ep_18

7.7K 323 21
                                    

Uni

လူတွေအားလုံးရဲ့ တီးတိုးပြောဆိုသံတွေနဲ့ အတူတူ ပြုံးစိစိအကြည့်တွေ အားလုံးကို လျစ်လိုရှု့ပြီး စာသင်ခန်းအထဲကို အောင်အောင်မြင်မြင် ၀င်လာနိုင်ခဲ့သည်။ မနေ့ညကတည်းကနေ အခုမနက်အထိ ဂယက်ထနေသော ထိုဓာတ်ပုံတစ်ပုံကြောင့်  လူတွေရဲ့အာရုံစိုက်မှုကို ခံနေရသဖြင့် မေ၀သုန် အနေရခက်နေသည်။

ထိုသို့နာမည်ကြီးမှုတွေနဲ့ နေသားကျနေသော မြတ်မင်းခန့် အဖို့ကတော့ သာမာန်ကိစ္စတစ်ခုလိုပင်  အေးအေးဆေးဆေး.......။

"ဟဲ့ရောင်.....ငါမနေ့ကတည်းက အဲ့ကိစ္စကိုမေးချင်နေလို့အောင့်အီးထားတာကြာပြီ...သုန်သုန်ရှိနေလို့ မမေးဖြစ်တာ.....ကဲ အခုပြောစမ်းပါဦး  မင်းနဲ့ ငါညီမနဲ့က ဘာတွေလဲ..?"

အသက်၀င်လွန်းလှတဲ့ ထိုဓာတ်ပုံကို ပီတိဖြစ်နေသော မျက်နှာနဲ့ ပြုံးပြုံးကြီး ကြည့်နေသော မြတ်မင်းခန့်ကို  မတော်ရသေးသော ယောက်ဖဖြစ်သူက မေးလိုက်သည်။

"ဘာမှ မဘာရသေးပါဘူး  ယောက်ဖရာ"

"ဟေ့ကောင် ပြောင်စပ်စပ်လုပ်မနေနဲ့ ငါအတည်မေးနေတာ"

မြတ်မင်းခန့် သက်ပြင်းရှည်တစ်ခုကို ချလိုက်ပြီးနောက် အသက်ကိုဖြေးဖြေးချင်း၀အောင်ရှုလိုက်ကာ တစ်စုံတစ်ခုကို ပြောဖို့ အားယူလိုက်သည်။

"ဒီမှာ  ထွန်းရန်နောင်....ငါ မင်းကိုပြောပြမယ်....ငါအခုပြောမဲ့ စကားကို မေ၀သုန်ရဲ့ အစ်ကို အနေနဲ့မဟုတ်ဘဲ ငါ့သူငယ်ချင်းတစ်ယောက်အနေနဲ့ နားထောင်ပေးဖို့ အရင်ဆုံးမှာထားချင်တယ်"

"အေးပါကွာ....ပြောစရာရှိတာသာ ပြောစမ်းပါ"

"ငါ.......ငါ မေ၀သုန်ကို ကြိုက်မိနေပြီ"

"ဟမ် !!!"

"ဟေ့ရောင်  !! တိုးတိုး သက်သာလုပ်ပါကွ မင်းကလဲ"

မျက်လုံးပြူးပြီး အကျယ်ကြီးထအော်သော ထွန်းရန်နောင်ကြောင့် မြတ်မင်းခန့် ပင်လန့်သွားရသည်။

"မင်း....မင်းက  သုန်သုန့်ကို ကြိုက်နေတယ် ဟုတ်လား ?"

ပါးစပ်အဟောင်းသားနဲ့ လျှာခလုတ်တိုက်မတတ် အသဲအသန်မေးနေသော ထွန်းရန်နောင်ကိုကြည့်ပြီး  ရယ်ချင်နေပေမဲ့  မျက်နှာပိုးကို မနည်းသတ်ပြီး ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်သည်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now