❣️Honeymoon~2❣️

8.9K 366 10
                                    

Uni

နှုတ်ခမ်းဖျားကို မထိတထိ လာကစားသော ကောင်မလေးကြောင့် ကျွန်တော် အားမလိုအားမရဖြစ်ကာ တစ်ချက်တစ်ချက်လွတ်ထွက်သွားသော သူမ၏နှုတ်ခမ်းပါးလေးကို လိုက်ဖမ်းနေမိတော့သည်။

လိုက်ဖမ်းနေသည့် ကြားထဲကကို ရအောင်ရှောင်ထွက်သွားလေတော့ ဒီလူမှာ ဆန့်တငင့်ငင့်......

"ကိုယ့်ကိုဘာလို့ နမ်းတာလဲ"

"ငါ့ကို ပျော်အောင် ထားလို့ ဆုပေးတာ"

"ဆုကဒါပဲလား"

"အခုကတော့ ဒီလောက်ပဲ.....နေ့တိုင်းပျော်အောင်ထားရင် နောက်ထပ်ဆုတွေအများကြီးပေးမယ်"

"ဒါဆို နေ့တိုင်းဆုတွေရဖို့ ဒီနေ့ကစပြီးကြိုးစားတော့မယ်"

"အိုခေပါ..... ဆက်ပြီး ကြိုးစားထားမောင်လေး"

အားတင်းထားဆိုသည့်ပုံစံဖြင့် လက်သီးဆုပ်ပြပြီးအခန်းထဲ၀င်သွားလေတော့ မြတ်မင်းခန့် ကြည့်ပြီး ရယ်နေတော့သည်။

_

မြတ်မင်းခန့် .... ရေချိုးပြီး ထွက်လာတော့ မေက အိပ်ယာပေါ်မှာ လှဲလျောင်းရင်း အနားယူနေသည်ကို တွေ့လိုက်သည်။

"မေ .... ဗိုက်ဆာနေပြီလား"

"အင်း"

"ဒါဆို ခဏလေးနော် ကိုယ် အင်္ကျီ၀တ်လိုက်ဦးမယ်.... ပြီးရင် ညစာသွားစားကြမယ်"

ကိုယ်ပေါ်မှာ ကျန်နေသည့် ရေစက်တွေကို သဘတ်ဖြင့် ကပျာကယာ အမြန်သုတ်လိုက်ပြီး အင်္ကျီတစ်ထည် ကောက်စွတ်လိုက်သည်။

နောက်ပြီး ပေါ့ပေါ့ပါးပါး ဘောင်းဘီတစ်ထည် ၀တ်လိုက်ကာ ရေစိုနေသည့် ဆံပင်ကို လက်ဖြင့်ဖွရင်း အိပ်ယာပေါ်မှာ တင်ထားသော ဖုန်းကို ယူလိုက်သည်။

"ထ ...သွားကြမယ်"

ကုတင်ပေါ်လှဲနေသည့် မေ၀သုန့်လက်ကို ဆွဲလိုက်ပြီး ညစာသွားစားဖို့ပြင်လိုက်သည်။

"အခု သွားတော့မလို့လား"

"အင်းလေ... မေ ဗိုက်ဆာနေပြီမလား"

"ငါဗိုက်ဆာတာနဲ့ပဲ နင့်ခေါင်းကိုရေပြောင်အောင် မသုတ်တော့ဘူးလား"

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now