Extra_1

9.3K 415 31
                                    

Uni

"ကျွန်တော်ရောက်ပါပြီ အမေ"

မေ့အိမ်ကို ရောက်ရောက်ချင်း ယောက္ခမလောင်း ကိုအရင်တွေ့တာနဲ့ နှုတ်ဆက်စကားဆိုလိုက်သည်။

"အေး... လာလေ သား.... ခုံမှာအေးဆေးလာထိုင်"

ဒေါ်ဆည်းဆာမေက  ဧည့်ခန်းမှာ ထိုင်ကာ သတင်းစာဖတ်နေရင်းကနေ  မြတ်မင်းခန့်ကို ခုံမှာထိုင်ခိုင်းလိုက်သည်။ မြတ်မင်းခန့်က ပြုံးကာ ခေါင်းညိတ်ပြရင်း ဒေါ်ဆည်းဆာမေ အရှေ့ကခုံမှ၀င်ထိုင်လိုက်သည်။

"သားလည်း ရန်ကုန်နဲ့ ပြည်ကို သွားလိုက်လာလိုက် လုပ်နေရတာ ပင်ပန်းနေရောပေါ့"

"မပင်ပန်းပါဘူး အမေ...  ကျွန်တော်က ပျော်နေတာနဲ့ ပင်ပန်းတယ်လို့ကိုမထင်တာ"

ပြုံးရယ်ရင်း ပြောလိုက်သည့်  မြတ်မင်းခန့်စကားကို ဒေါ်ဆည်းဆာမေကိုပါ အပြုံးတွေကူးစက်သွားစေသည်။ ကိုယ့်ရဲ့သမီးကို ဒီလိုမျိုး တန်ဖိုးထားသည့် သမက်လောင်းရထားတာ ကံကောင်းတယ်လို့ ဆိုရမည်။

"ရန်ကုန်ကိုရောက်ရင် သားရဲ့မိဘတွေနဲ့ တိုင်ပင်ပြီး မင်္ဂလာ၀တ်စုံကို ကြည့်စီစဥ်လိုက်နော်...... အမေတို့က ဒီကအလုပ်တွေ လက်စသတ်ပြီးမှ ရန်ကုန်ကိုလိုက်လာမှာဆိုတော့.... အမေတို့လာမှ ဆိုရင် အချိန်မမှီဖြစ်နေမှာစိုးလို့"

"ဟုတ်ကဲ့ ... မေ စိတ်တိုင်းကျအောင်လို့ ကျွန်တော် သေသေချာချာ စီစဥ်လိုက်ပါမယ်"

ဒေါ်ဆည်းဆာမေက မြတ်မင်းခန့်ရဲ့အဖြေကို သဘောကျဟန်ဖြင့် ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

မိနှစ်နှစ်ဆယ်ခန့် ကြာတော့ မေ၀သုန် အ၀တ်အိတ် တစ်အိတ်ဖြင့် အပေါ်ထပ်ကနေဆင်းလာသည်။ ဒါကြောင့် မြတ်မင်းခန့် ထိုင်နေရာကနေ မေ၀သုန်ဆီ အပြေးသွားပြီး အ၀တ်အိတ်သယ်ပေးလိုက်သည်။

"အမေ ဒါဆို သမီးသွားတော့မယ်နော်"

"အေးအေး..... ကားကိုဂရုစိုက်ပြီး မောင်းသွားကြဦး။ အခုချိန်မှ ပြည်ကထွက်မှာဆိုတော့ ရန်ကုန်ကို ညမိုးချုပ်မှရောက်မှာ"

"ဟုတ်ကဲ့..... ရန်ကုန်ကို ရောက်တာနဲ့ ကျွန်တော် အမေ့ဆီ ဖုန်းလှမ်းဆက်လိုက်ပါမယ်"

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now