Ep_26

7.6K 383 29
                                    

Uni

"Ring....Ring....Ring...."

"ဟယ်လို"

"ဒီဖုန်းက မမေ၀သုန်ရဲ့ဖုန်းလားမသိဘူး"

"ဟုတ်ပါတယ်.... ဘာကိစ္စရှိလို့လဲမသိဘူး"

"သြော်...ဟုတ်ကဲ့ ကျွန်တော်က အခု မမေ၀သုန်ရဲ့ အိမ်ရှေ့ကိုပစ္စည်းပို့ရောက်နေလို့ပါ အပြင်ကိုထွက်လာပြီး ပါဆယ်လေးလက်ခံပေးလို့ရမလားခဗျ"

"ဟင်..... ဘာပါဆယ်လဲ"

"ကိုမြတ်မင်းခန့်က မမေ၀သုန်အတွက်ဆိုပြီး မှာပေးထားတဲ့ပစ္စည်းပါခဗျ"

"ဟမ်!!"

အာမေဋိတ်အသံတစ်ခုသာ ထွက်ပေါ်သွားပြီး ခြေလှမ်းတွေက ခြံရှေ့ကိုဦးတည်လိုက်သည်။

ခြံတံခါးဖွင့်လိုက်တော့ ပါဆယ်ပုံးတစ်ပုံးလက်ကကိုင်ပြီး ရပ်စောင့်နေသော deli သမားတစ်ယောက်ကိုတွေ့သည်။

"မမေ၀သုန်လား ခဗျ"

"ဟုတ်ပါတယ်"

"ဟုတ်ကဲ့... ဒါဆို ပစ္စည်းလက်ခံရရှိကြောင်း လက်မှတ်လေးထိုးပေးပါဦး"

ဘူမသိ ကိုးမသိ အူကြောင်ကြောင်ရုပ်နဲ့ ဘောင်ချာစာရွက်ပေါ်မှာလက်မှတ်ထိုးပေးလိုက်သည်။

လက်မှတ်ထိုးပြီးတော့ လက်ထဲကို အလတ်စားအရွယ်ကတ်ထူပုံးတစ်ပုံး ရောက်လာသည်။ deliကောင်လေးကတော့ သူ့တာ၀န်ပြီးဆုံးတာနဲ့ဆိုင်ကယ်ဖြင့် ပြန်ထွက်သွားသည်။

ပါဆယ်ပုံးကို လက်ကကိုင်ရင်း မြတ်မင်းခန့်ရှိရာ အိမ်အပေါ်ထပ်ကိုမော့ကြည့်လိုက်သည်။ ဒါ​ပေမဲ့ အရိပ်အယောင်တောင်မတွေ့ရ။

"ဘာတွေမှာထားတာလဲ မသိဘူး။ ပုံးက အလေးကြီးပဲ"

တစ်ယောက်တည်း တီးတိုးစကားဆိုရင်း ပါဆယ်ပုံးကိုလက်ကပိုက်ကာ အခန်းတွင်းပြန်၀င်လာခဲ့သည်။

အခန်းထဲကိုရောက်တာနဲ့ ပါဆယ်ပုံးကို ကုတင်ပေါ်တင်လိုက်သည်။ ပြီးနောက် ထိုပါဆယ်ကိုဖွင့်ဖောက်ကြည့်ဖို့အတွက် အံဆွဲထဲက ခဲတံချွန်သည့် ဓား ကိုယူလိုက်သည်။

ပါဆယ်ကိုဖောက်နေစဥ်အတွင်း စဥ်းစားနေမိသည်က အထဲမှာဘာတွေပါလဲဆိုတာကိုပင်။
ဖြစ်နိုင်သည်က မုန့်ပဲသရေစာတွေပါ၀င်နိုင်ချေ သာအများဆုံး။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now