Ep_28

7.7K 390 21
                                    

Uni

ကျောင်းကန်တင်းထဲတွင်......

"ကောင်မလေးကရယ်ရတယ်.... ဘယ်ယောကျာ်းလေးကိုမှ စိတ်မ၀င်စားသလို လူလို့လည်းမမြင်ဘူးဆိုပြီး အခုကျတော့ တစ်နယ်တစ်ကျေးကကောင်နောက် ကောက်ကောက်ပါသွားပြီ...ဟားးဟားးးး"

"ကိုယ့်မြို့သူမြို့သား အချင်းချင်းကျတော့ ခွေးပြောနွားပြော ပြောပြီး..... ရန်ကုန်ကလာတဲ့ကောင်ကိုတော့အရေးပေးပြီး  ဆက်ဆံလိုက်တာမှပြောမနေနဲ့ကွာ။ အစကတော့ သူငယ်ချင်းဆိုပြီး အခုတော့ ချစ်သူတွေဖြစ်နေကြပါပြီတဲ့"

"အလကားပါကွာ တခြားမြို့ကကောင်ဆိုပြီး အထင်ကြီးနေတာ။ ဟိုက ကျောင်းလာတက်တဲ့ခြောက်နှစ်လောက်ပဲ သူ့ကိုတွဲမှာ ပြီးရင် ထားခဲ့မှာ မင်းမယုံရင်စောင့်ကြည့်နေလိုက်။ ငါလောင်းရဲတယ်"

"ဟိုကထားခဲ့တော့မှ ဒီမြို့သားနဲ့ပြန်ညားရင် ငါကကြည့်ပြီးကိုထိုင်ရယ်ဦးမှာ"

နောက်ကျောကပ်ရပ်စားပွဲ၀ိုင်းက အကောင်နှစ်ကောင်ရဲ့ မထိတထိစကားနာထိုးနေသံကြောင့် မေ၀သုန်၏ဒေါသငယ်ထိပ်ပေါ်ရောက်နေပြီဖြစ်သည်။

ဒီစကားသည် ကိုယ့်ကိုပြောနေခြင်းဆိုတာ သွားမမေးလည်း အသိသာကြီးပင်။

အရင်ကတော့ မေ မှပြန်မချစ်ရင်သေပါတော့မယ်ဆိုတဲ့ကောင်တွေက အခု သူတို့မပိုင်ဆိုင်ရတော့ မစားရတဲ့အမဲ သဲနဲ့ပက်သလို ပါးစပ်သရမ်းနေခြင်းဖြစ်သည်။

သူတို့လိုပင် တခြားသူများရဲ့ပါးစပ်ဖျားမှာလည်း မေ၀သုန်နဲ့ မြတ်မင်းခန့်ရဲ့ အကြောင်းများသာ ရေပန်းစားနေသည်။

အကြောင်းအရင်းကိုပြောရရင် မနေ့က ဘုရားမှာ မြတ်မင်းခန့်နဲ့ မေ၀သုန် အတူတူလက်တွဲပြီး လျှောက်သွားနေသည်ကို ကျောင်းကလူတွေတွေ့သွားသည်ကတစ်ကြောင်း နောက်ပြီး  မနေ့ကအတူတူတွဲရိုက်ထားသည့် ဓာတ်ပုံကို မြတ်မင်းခန့်က သူ့ facebook account တွင် myday တင်လိုက်ခြင်းတစ်ကြောင်း။ ထ်ိုအကြောင်းအရာနှစ်ခုက မြတ်မင်းခန့်နဲ့ မေ၀သုန်တို့ ချစ်သူတွေဖြစ်နေကြတာကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now