Ep_52 (End)

12.1K 551 41
                                    

Uni

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးထဲတွင်
ချစ်သူနှစ်ဦး၏ နှုတ်ဆက်ခွဲခွာနေသည့် ပုံရိပ်က ဘေးနားမှာရပ်ကြည့်နေသည့် လူကြီးမိဘများကိုပင် မျက်ရည်၀ဲစေခဲ့သည်။

" ငိုချင်ရင်ငိုချလိုက်ပါ သမီးရယ်.... တင်းခံမနေပါနဲ့..... "

မျက်လုံးထဲမှာ မျက်ရည်များပြည့်နှက်နေတာကို ငိုမချပဲ အံကိုကြိတ်ကာ တင်းခံနေသော မေ၀သုန်ကို ဒေါ်သီတာက မကြည့်ရက်တော့၍ ၀င်ပြောရတော့သည်။

မေ၀သုန်သည် နဂိုကတည်းက စိတ်ဓာတ်မာကြောပြီး စိတ်ခံစားချက်ကို သိပ်ဖော်မပြတတ်တဲ့ လူမျိုးဖြစ်တာကြောင့် အခုလိုသူမ၀မ်းနည်းနေချိန်မှာတောင် လူတွေအများကြီးကြားထဲ မငိုချင် ၍တင်းခံလျက်ရှိသည်။


"မေ..... ကိုယ် ပြန်လာရင် လက်ထပ်ကြမယ်နော်"

"........"

မေ၀သုန်သည် နှုတ်ခမ်းဖွင့်ဟကာ ပြန်မဖြေပဲ နှုတ်ခမ်းကိုဖိကိုက်ရင်း ခေါင်းတဆတ်ဆတ်ညိမ့်ပြီးသာ ပြန်ဖြေသည်။


ခေါင်းငိုက်စိုက်ထားကာ အသံတိတ်ငိုနေသော ကောင်မလေးကို ရင်ခွင်ထဲထည့်ကာ တင်းကြပ်စွာဖက်ထားလိုက်သည်။

အချိန်တွေကရပ်တန့်မနေတာကြောင့် မကြာမှီအချိန်အတွင်းမှာပဲ လေယာဥ်ထွက်ခွာတော့မည့်အချိန်ကိုရောက်တော့မည်။ ဒါကြောင့် မခွဲခွာချင်ဘဲ ခွဲခွာရဦးတော့မည်။

"ဟိုက အလုပ်တွေအားလုံးပြီးတာနဲ့ မေ့ဆီကို အပြေးပြန်လာခဲ့မယ်နော်"

မျက်ရည်စတွေကို သုတ်ပေးလိုက်ပြီး နှစ်သိမ့်စကားဆိုလိုက်သည်။

"ကိုယ်သွားရတော့မယ်....... ကျန်းမာရေးဂရုစိုက်နော်..... ကိုယ်မှာထားတာတွေကိုလည်း မမေ့နဲ့.... ဟိုရောက်တာနဲ့  စာပို့ထားလိုက်မယ်။ "

"အင်း..... မောင်လည်း ကျန်းမာရေးဂရုစိုက်နော်"

မျက်၀န်းအိမ်ထဲရှိရှိသမျှ မျက်ရည်တွေအကုန် ညှစ်ထုတ်ချလိုက်ပြီးနောက် အပြုံးတစ်ခုကို ပြုံးပြကာ ဆိုလိုက်သည်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now