Ep_5

9.4K 397 16
                                    

Uni

"လာ..သုန်သုန် ဒီမှာလာထိုင်"

ဖေကြီးရဲ့ အသံကြောင့် ချက်ချင်း ဟိုအကောင်ဆီကမျက်လုံးလွှဲလိုက်ပြီး ဖေကြီးဘေးနားမှာ ကပ်ထိုင်လိုက်သည်။

"ဒါ ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသော သမီးလေးလေ.....နာမည်က ​မေ၀သုန်တဲ့"

"သမီးလေးက ချစ်စရာလေးပဲ ရိုးရိုးယဥ်ယဥ်လေး"

ဒေါ်စမ်းသီတာရဲ့စကားကြောင့် မေ၀သုန်ရဲ့ မိဘတွေရော မြတ်မင်းခန့်ရော ရီချင်စိတ်ကိုမနည်းထိန်းထားရသည်။တဂဲ့ မိန်းမပေါက်ကျော်မှကိုမှ ရိုးရိုးယဥ်ယဥ်လေးလို့ ပြောလိုက်တာမို့ မေ၀သုန်တို့ဘယ်လောက် သရုပ်ဆောင်ကောင်းနေလဲဆိုတာ သိနိုင်သည်။

"သမီး....ဒါက အန်တီ့သား...နာမည်က
မြတ်မင်းခန့်တဲ့ သမီးနဲ့တစ်ကျောင်းထဲတူတူတက်ရမှာ.....သားကို လိုအပ်တာလေးတွေသမီးကပဲ ကူညီပေးပါဦး.....သူက ဘာမှသိတာမဟုတ်ဘူး...သမီးက ဒီကနယ်ခံဆိုတော့ ဘာပဲပြောပြော သားတစ်ယောက်ထဲ ကျောင်းမှာ ကြောင်တောင်တောင်ကြီး ဖြစ်မနေတော့ဘူးပေါ့"

"ဟုတ်.....သမီး ကူညီပေးနိုင်တာတွေ ရှိရင် ကူညီပေးလိုက်ပါမယ်"

အပြင်ပန်းမှာ ပြုံးပြီး ယဥ်ယဥ်ကျေးကျေး ပြန်ဖြေနေပေမဲ့ စိတ်ထဲမှာတော့ မိဘအားကိုးနဲ့ ပြုံးစိစိလုပ်ပြနေသော ဒီအကောင့်မျက်ခွက်ကို သုံးချက်လောက်ဆင့်ရိုက်ပြီးနေပြီဖြစ်သည်။

နာမည်မှာ မင်းခန့်ဆိုတာ ပါကထဲက မေ၀သုန်ရဲ့စိတ်ထဲမှာ ကံမကောင်းတော့ဘူးဆိုတာခံစားလိုက်ရသည်။ဟိုတစ်ခါ မေ၀သုန်ကို အချုပ်ထဲရောက်အောင် ပို့ခဲ့တဲ့ ရန်ကုန်ကအကောင်ရဲ့ နာမည်က မင်းခန့်ကိုကို ဖြစ်တာကြောင့် မင်းခန့်ဆိုတဲ့ နာမည်ကြားတာနဲ့တင် ဒေါသအလိပ်လိုက်ထွက်လာသည်။

လူကြီးတွေက အချင်းချင်းမိတ်ဆက်ပေးပြီး ရောက်တက်ရာရာ စကားတွေပြောနေချိန် မေ၀သုန်ကတော့ ထိုနေရာမှအမြန်ထချင်နေပြီဖြစ်သည်။မြတ်မင်းခန့်ဆိုတဲ့ ဒီအကောင်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေရတာနဲ့တင် စိတ်ကျဥ်းကျပ်လွန်းလို့ သေချင်စော်နံနေပြီဖြစ်သည်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now