Ep_11

7.4K 349 17
                                    

Uni

၁ပတ်ခန့်ကြာပြီးနောက်......

ကျောင်းတက်တာ ၁ပတ်လောက်ကြာတဲ့အခါမှာတော့ မြတ်မင်းခန့်နဲ့ ထွန်းရန်နောင်ရဲ့ ​ကျော်စောမှုက ပိုပြီးအရှိန်အဟုန်မြင့်လာသည်။ကျောင်းရဲ့ Mail boxကို သူတို့နှစ်ယောက်ပဲ စိုးမိုးထားလေသည်။

မိန်းကလေးထဲမှာ ဆိုရင်တော့ သွန်းနဒီခက စိုးမိုးထားသည်။ကျောင်းတက်တာဖြင့် ၁ပတ်ကျော်ပဲ ရှိသေးတယ် သူနောက်တကောက်ကောက်လိုက်ပြီး ဖွန်ကြောင်နေတဲ့ ယောကျာ်းလေးတွေက first yrက စပြီး နောက်ဆုံးနှစ်က စီနီယာတွေအထိ။

သူကတော့ သူဖြစ်ချင်တဲ့အတိုင်း နာမည်ကြီးနေလို့ ပျော်နေလေသည်။အခုလို သွန်းနဒီခက နာမည်ကြီးတော့ မေ၀သုန်ကရော လို့မေးရင်တော့ မေ၀သုန်က သွန်းနဒီခထက်တောင် ပိုနာမည်ကြီးနေပါသေးသည်။တစ်ကျောင်းလုံးက မသိတဲ့သူမရှိဖြစ်နေတဲ့ အချောဆုံးလို့ သတ်မှတ်ထားသူ ယောကျာ်းလေးနှစ်ယောက်က သူ့နောက်က တကောက်ကောက်လိုက်ပြီး သူ့အလိုကျနေနေပေးနေတာကိုး။

သွန်းနဒီခက ယောကျာ်းလေးတွေကြားထဲမှာ နာမည်ကြီးပေမဲ့ မိန်းကလေးတွေကြားထဲမှာတော့ အမြင်ကပ်နေတဲ့သူတွေ ရှိနေသည်။အကြောင်းအရင်းကတော့ အရမ်းကိုပဲများလွန်းပြီး လူတကာကို လိုက်ဖားနေသောကြောင့်ဖြစ်သည်။အမြဲတမ်း ရယ်မောကာ ရိုးသားလွန်းသော ပုံစံဖမ်းနေသော သွန်းနဒီခကို ယောကျာ်းလေးတွေက ချစ်စရာလေးဆိုပြီး သဲသဲလှုပ်နေကြပေမဲ့ မိန်းကလေးတွေရဲ့ အမြင်မှာတော့ တအားအပိုတွေ လုပ်လွန်းအားကြီးတယ်လို့ပဲ မြင်ကြသည်။

မေ၀သုန်ကိုကျတော့ ဒီလိုမဟုတ်။ဟန်ဆောင်ပန်ဆောင်မရှိ အရှိ အရှိတိုင်းနေတဲ့အတွက် ယောကျာ်းလေးတွေရော မိန်းကလေးတွေရောက ချစ်ဖို့ကောင်းတယ်လို့မြင်ကြသည်။ဒါ့အပြင် မေ၀သုန်က အရင်လို မဟုတ်တော့ပဲ အပေါင်းအသင်းနည်းနည်းထားလာပြီး စကားအပြောအဆို တွေလုပ်လာတာမို့ လူချစ်လူခင်ပေါလာသည်။အထူးသဖြင့် မိန်းကလေးတွေက မြတ်မင်းခန့်တို့နဲ့ ရင်းနှီးချင်တာကြောင့် မေ၀သုန်နဲ့ သူငယ်ချင်းဖြစ်အောင် ကြိုးစားကြတော့သည်။စောယုကလဲ ရိုးရိုးအေးအေးနဲ့ ချောတာကြောင့် သူမကလဲပဲ မေ၀သုန်နဲ့အပြိုင်နာမည်ကြီးသည်။


မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now