Ep_9

7.9K 331 10
                                    

Uni

"သုန်သုန်ရေ......ဒုန်းးးးးးဒုန်းးးးးဒုန်းးးးးးးး"

"သုန်သုန်မရေ.......နင်အခုထိ မထသေးဘူးလား"

"သုန်သုန်ရေ....ဒီနေ့ ကျောင်းစတက်ရမှာလေ.....ထတော့"

အိပ်မက်မက်လို့ကောင်းနေတုန်း အခန်းတံခါးကို ထုရိုက်နေတဲ့အသံတွေကြောင့် လန့်နိုးသွားတော့သည်။အိပ်တစ်၀က် နိုးတစ်၀က်နဲ့ မျက်လုံးမှေးစင်းပြီး အခန်းတံခါးဆီ ဒယီးဒယိုင်နဲ့ လျှောက်သွားလိုက်သည်။

စောစောစီးစီး သူများအခန်းတံခါးကိုထုပြီး ရင်ခေါင်းကွဲသံနဲ့ ငါ့ကိုလာနှိုးနေတဲ့ဟာတွေ တွေ့မယ်။စိတ်ထဲကနေ ကြိမ်း၀ါးပြီး တံခါးကို ဖွင့်လိုက်သည်။

"သေမလို့ အော်နေကြတာလား!!"

မျက်မှောင်ကြီးကျုံပြီး တံခါးအပြင်ကဟာတွေကို အော်လိုက်သည်။

တံခါးဖွင့်ဖွင့်ခြင်း အရင်ဆုံးမြင်လိုက်ရတာက ရန်ကုန်သားရဲ့ မျက်နှာ။အထွန်းနဲ့ စောယုရဲ့ အသံကိုပဲ ကြားတာကြောင့် သူပါလာတယ်လို့ မထင်ထား။ငနဲကောင်က အင်္ကျီအဖြူလက်ရှည်နဲ့ ပုဆိုးနက်ပြာကို သပ်သပ်ရပ်ရပ်၀တ်ထားပြီး ဆံပင်သေသေသပ်သပ်နဲ့ ရှိုးစမိုး အပြည့်ဖြစ်နေသည်။နဂိုကထဲက ရုပ်ကထွက်နေပါတယ်ဆိုမှ အခုလိုသေချာပြင်ဆင်ထားတော့ မေ၀သုန်ပင် ခဏတာငေးကြည့်မိသွားသည်။ဘေးနားက အထွန်းကလဲ ရန်ကုန်သားနဲ့ အပြိုင် ချောမောနေသည်။ယောကျာ်းပီသတဲ့ မျက်နှာထားနဲ့ ထူနက်နေသော မျက်ခုံးမွှေးတို့က မျက်နှာတစ်ခုလုံး ပေါ်လွင်နေသည်။စောယုကို ကြည့်တော့လဲ ရင်ဖုံးအင်္ကျီလက်ရှည်ခါးတိုနဲ့ ထဘီစကပ် နက်ပြာတို့က ခန္ဓာကိုယ်နဲ့ fit sizeဖြစ်နေပြီး ကြည့်လို့တော်တော်လှနေသည်။ဖြူစွတ်နေသော မျက်နှာပေါ်မှာ မိတ်ကပ်အနည်းငယ်ပြင်ထားတော့ လှနေတာမှမှုံနေတာပဲ။

ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အရှေ့ကသုံးယောက်ကို ခေါင်းအစခြေအဆုံး တစ်လှည့်စီကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တော့ သူတောင်းစားပင် အမေခေါ်သွားရလောက်သည်။
စပို့ရှပ် အ၀ါနုရောင်ကို အညာဘောင်းဘီ အစင်းကြားနဲ့ တွဲ၀တ်ထားပြီး မျက်နှာပြောင် ဆံပင်စုတ်ဖွားနဲ့ ပေတိပေစုတ်ဖြစ်နေသည်။


မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now