Ep_16

7.8K 360 22
                                    

Uni

ဘယ်ဘက်နားဆီကို  ကျရောက်လာသော မေ၀သုန်ရဲ့ လက်ဖ၀ါးကြောင့် ဘာအသံကိုမှမကြားရတော့။ မျက်နှာတစ်ခြမ်းလုံး ထူပူပြီး  နားတစ်ဖက်ကလဲ  အူကာ  အသံတွေ မသဲမကွဲဖြစ်နေသည်။

"မြတ်မင်းခန့်.....ဟဲ့.....နင် ဘာဖြစ်သွားတာလဲ......နား ကတစ်ခုခုဖြစ်သွားလို့လား"

ဘာမှပြန်မဖြေဘဲ  မျက်စိစုံမှိတ်ပြီး  နားကို အုပ်ထားတာကြောင့်  မေ၀သုန် လန့်ဖြန့်သွားတော့သည်။

"မင်း  ဘာပြောနေတာလဲ...ငါ ဘာမှမကြားရတော့ဘူး"

"ဟမ်!!!"

မြတ်မင်းခန့်ရဲ့ စကားကြောင့် မေ၀သုန်တစ်ယောက် မျက်လုံးများပြူးကျယ်ပြီး  ကြောက်လန့်သွားတော့သည်။

"တကယ် ဘာမှမကြားရဘူးလား"

အသံအကျယ်ကြီးအော်ပြောနေပေမဲ့  ခေါင်းတွင်တွင်ခါနေသော မြတ်မင်းခန့်ကြောင့်  ဘာလုပ်လို့  ဘာကိုင်ရမလဲ မသိဖြစ်လာရသည်။

"အထွန်းရေ......အထွန်း......ဒီကိုလာဦး"

"ဟေ.....ဘာတွေဖြစ်နေကြတာလဲ ?"

"မြတ်မင်းခန့် နားမကြားတော့ဘူးတဲ့.....ဘယ်လိုလုပ်ကြမလဲ"

အရင်းမရှိ အဖျားမရှိနဲ့  ပြောလိုက်တဲ့ မေ၀သုန့် စကားကြောင့် အထွန်းနဲ့ စောယု  အူကြောင်ကြောင်ဖြစ်သွားတော့သည်။

"နေရင်းထိုင်ရင်း ဘာလို့နားလေးသွားတာလဲ"

မြတ်မင်းခန့်ကို ကြည့်တော့လဲ သူ့နားကို အုပ်ရင်း သနားကမား ရုပ်နဲ့ ကြည့်နေတာမို့  သူတို့နှစ်ယောက် ထသွားတဲ့ ခဏလေးအတွင်းမှာ ဘာဖြစ်သွားလဲ  ဆိုတာ နားမလည်နိုင်......

မေ၀သုန်ကို ကြည့်တော့လဲ အပြစ်လုပ်ထားတဲ့ ရုပ်နဲ့ ....

"ငါ  သူ့မျက်နှာကို  ရိုက်လိုက်မိတာ"

"ဘာ!!!"

"ဟုတ်တယ်  ငါ.... မတော်တဆ ရိုက်မိသွားတာ"

"နင့်လက်နဲ့ ရိုက်မိတာဆိုရင်တော့ အခြေအနေမဟန်ဘူး....လာ....ဆေးရုံသွားကြမယ်"

မေ၀သုန်ရဲ့ လက်ဆကိုသိနေသော အထွန်းက ချက်ချင်းဆိုသလို ဆေးရုံသွားဖို့ ပြင်တော့သည်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now