Extra~5{Final}

10.8K 476 35
                                    

Uni

ပြည်မြို့အနီးရှိ ရွှေတောင်မြို့ကို ရောက်တဲ့အခါ နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့......

ည ၁၂နာရီထိုးခါနီးလေပြီ။

ရန်ကုန်ကထွက်လာကတည်းက ညနေစောင်းနေပြီမို့ ညဥ့်နက်မှ ပြည်ကိုရောက်မယ်ဆိုတာ ကြိုတင်မှန်းဆထားသော်လည်း ထင်ထားတာထက်ပိုပြီး နောက်ကျနေသည်။

မနေ့ကရန်ကုန်ရှိ ကုမ္ပဏီက အရေးတကြီးအစည်းအဝေးခေါ်တာကြောင့် ဒီနေ့ မနက်ဝေလီဝေလင်းအချိန်ကတည်းက မြတ်မင်းခန့် တစ်ယောက်တည်း ကားဖြင့် ရန်ကုန်ကိုထွက်လာခဲ့သည်။

အစည်းအဝေးက နေ့လယ်ပိုင်းဆိုတာကြောင့် ရန်ကုန်ကို အစည်းအဝေးအမှီ ရောက်ရန် မနက်အစောကြီးကတည်းက မရပ်မနား ခရီးနှင်လာခဲ့တဲ့အပြင် အလုပ်ကိစ္စတွေအကုန်လုံး ရှင်းသွားတော့လည်း ပြည်ကို ထပ်မံ ခရီးနှင်ရပြန်သည်။

မိန်းမက ရန်ကုန်မှာ တစ်ညအိပ်ပြီး မနက်ကျမှ အေးအေးဆေးဆေး ပြန်လာခဲ့လို့ မှာလိုက်သော်လည်း မိန်းမနဲ့ တစ်ညလေးတောင် ခွဲမအိပ်ချင်တဲ့ မောင်မင်းကြီးသားက ညတွင်းချင်း အရောက်ပြန်လာခဲ့လေသည်။

မျက်လုံးများက ငိုက်မျဥ်းနေပြီဖြစ်သော်လည်း အိမ်ရောက်မှ မိန်းမကို ဖက်ပြီးအိပ်ရမယ်ဆိုပြီး စိတ်ကို တင်းလိုက်ကာ ကားလေးကို အရှိန်ထပ်မြှင့်လိုက်သည်။

အိမ်ရှိတဲ့ လမ်းထဲကို ချိုး၀င်လာတော့ လမ်းပေါ်မှာ လူပင်မရှိတော့။ အိမ်တွေလည်း မီးတွေမှိတ်ထားပြီး  ခြံမီး နှင့် လမ်းမီးများသာ ထွန်းထားကြသည်။

"မေ လည်း အိပ်နေလောက်ပြီထင်တယ်"

ပါးစပ်ကနေ တီးတိုးရေရွတ်လိုက်ပြီး အိမ်ရှေ့ကို အရောက်မောင်းကာ ကားထိုးရပ်လိုက်သည်။

ကားပေါ်က ဆင်းကာ ခြံတံခါးကို သော့အပိုဖြင့် ဖွင့်နေရင်း အပေါ်ထပ်ကို လှမ်းကြည့်လိုက်တော့ မီးမှိန်မှိန်လေးသာ လင်းနေသည်ကို တွေ့ရသည်။

ဒါဆို မေ အိပ်နေပြီဆိုတာ သေချာသည်။

သံပန်းတံခါးကို အသံမထွက်အောင် ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ပြီး ကားကို ခြံထဲ သွင်းလိုက်သည်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now