Ep_34

7.4K 383 9
                                    

Uni

"သုန်သုန်...  စားလေ.... နင်ကြိုက်တဲ့ ဟာတွေကြီးပဲ ၀ယ်လာတာကို ...... ဘာလဲ  အရသာမရှိလို့လား"

အရင်က အစားအသောက်ဆို မီးလိုတောက်နေတဲ့ မေ၀သုန်သည် အခု စားချင်သလိုလို မစားချင်သလိုလိုပုံစံလုပ်နေတာကြောင့် ထွန်းရန်နောင်က သူ့ကြည့်ပြီး အားမလိုအားမရဖြစ်ကာ ထပြောသည်။

"မဟုတ်ပါဘူး...... သိပ်ပြီး စားမ၀င်လို့"

"စားမ၀င်လည်း ၀င်အောင်စားဟာ...... ဒါမှမဟုတ် တခြားစားချင်တာရှိရင်ပြော..... ငါအခုသွား၀ယ်ပေးမယ်"

"ရတယ်.... မ၀ယ်နဲ့"

စားပွဲပေါ်မှာ အပြည့်တင်ထားသော စားစရာတွေကိုကြည့်ပြီး အလိုလိုရင်ပြည့်ချင်နေရတဲ့ အထဲသူကထပ်ပြီး သွား၀ယ်ပေးချင်နေသေးသည်။

"အထွန်း"

"ပြော... ဘာလဲ"

"နင် ..... ဒီကိစ္စကို အမေတို့ကို ပြန်မပြောနဲ့နော်။
ငါအခုလို ဖြစ်သွားတာကိုသာ အမေသိရင် နောက်ဆို ငါ့ကို ဘယ်ကိုမှလွှတ်တော့မှာ မဟုတ်ဘူး"

"အေးပါ.... စိတ်ချ  ငါ ဒေါ်လေးကို ပြန်မပြောဘူး။ အကယ်၍ သွားပြောရင် နင့်ထက် ငါ့အရင် အထုအထောင်းခံရမှာ။ နေ့ခင်းက မြတ်မင်းခန့် ဆေးရုံပို့တာမြန်လို့သာပေါ့.... မဟုတ်ရင် မတွေးရဲစရာပဲ"

"ဟုတ်ပါ့..... ကျောင်းတုန်းက သွန်းနဒီခကြောင့် နင် အခုလိုဖြစ်သွားတုန်းကလည်း ငါ့မှာ နင်သေပြီထင်ပြီး ငိုလိုက်ရတာမှပြောမနေနဲ့"

စောယုကလည်း နှုတ်ခမ်းလေးမဲ့ကာ ၀င်ပြောသည်။

"ငါနဲ့ နှင်းသီးနဲ့ကလည်း ဘယ်ဘ၀ကရေစက်လဲ မသိပါဘူး...... ကြံကြံဖန်ဖန် ဖြစ်ရတယ်လို့။ ဒါနဲ့  ငါမေးရပါဦးမယ်....  နင်တို့ ရန်ကုန်က နှင်းသီးကို ဘာလို့အချဥ်ပေါင်းထဲထည့်တာလဲ"

မေ၀သုန်ရဲ့ အမေးကို စောယုကလည်း ထောက်ခံကာ...

"အေး ဟုတ်တယ်..... ဘာလို့နှင်းသီးထည့်တာလဲ။ ငါလည်း ငယ်ငယ်တုန်းက ရန်ကုန်မှာ နေလာတာပါ...... ဒါပေမဲ့ အချဥ်ပေါင်းဆိုရင် သရက်သီးတို့  နာနတ်သီးတို့ မာကလာသီးတို့ ထည့်တာပဲ တွေ့ဖူးပါတယ်။ အခုကျမှ ထူးထူးဆန်းဆန်း ပန်းသီးတွေရော  နှင်းသီးတွေရော စပျစ်သီးတွေရော... စုံပလုံထနေတာပဲ။ အဲဲဒါတွေကို ဘာလို့ထည့်တာလဲ"

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now