Ep_14

7.4K 387 40
                                    

Uni

ကန်တင်းမှာ တစ်ယောက်ထဲထိုင်ကာ ကော်ဖီသောက်နေရင်း  စိတ်တွေက ဟိုဟိုဒီဒီ လွင့်ပျံနေသည်။  မေ၀သုန် ကျောင်းမလာတဲ့နေ့ဟာ မြတ်မင်းခန့်အတွက်တော့ ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး  တစ်ခုခုလိုအပ်နေသလို ခံစားချက်မျိုးဖြစ်နေသည်။ စာသင်ရတာလဲ စိတ်မပါတာကြောင့်  ထွန်းရန်နောင်တို့ မလာမချင်း ကန်တင်းကပဲထိုင်စောင့်နေမယ်လို့ ဆုံးဖြတ်ထားသည်။ Fresher Welcome က သဘက်ခါဖြစ်တဲ့အတွက်ကြောင့်  သူတို့နှစ်ယောက်လဲ အတန်းမတက်အားပေ။ သို့သော် နေ့လည် ၃နာရီလောက်တွင်  အိမ်ပြန်ကြမယ်လို့ ပြောထားတဲ့အတွက်ကြောင့်  နောက်ထပ် ၃နာရီကြာ အထိ ဒီနေရာမှာတွင် ဖင်ကျောက်ချကာ ထိုင်နေရဦးမည်........။

တစ်ယောက်ထဲ ကော်ဖီသောက်လိုက် ဖုန်းကိုကြည့်လိုက်လုပ်နေသည်မှာ အကြိမ်ပေါင်းမနည်းတော့ပါ။ညကတည်းက မေ၀သုန့်accကို သွားadd ထားပေမဲ့ အခုချိန်ထိ ဘာထူးခြားမှုမှမရှိသေးတာကြောင့်  တစ်ယောက်ထဲယောက်ယက်ခက်နေတော့သည်။

နေ့လည် ၁၂နာရီထိုးနေပြီ မေ၀သုန် အခုချိန်ထိမနိုးသေးတာလား ? ဒါမှမဟုတ်  ပြန်ဖျားနေလို့များ အိပ်ရာကမထနိုင်တာလား ?

ဖြစ်နိုင်ချေရှိသည့် အရာများကို စဥ်းစားနေရင်း တစ်ယောက်ထဲဗျာများနေတော့သည်။

ဖုန်းခေါ်ကြည့်ရင်ကောင်းမလား  မကောင်းဘူးလား  ဝေခွဲမရဖြစ်နေစဥ်

"ဒီမှာခဏလောက်ထိုင်လို့ရမလား ?"

အရှေ့ဘက်ဆီလာသောက ချိုသာသည့် အသံတစ်ခုကြောင့်  အတွေးတို့ လွင့်စင်ကုန်ပြီး အသံလာရာဆီမော့ကြည့်လိုက်သည်။

မရင်းနှီးပေမဲ့ သိပ်မစိမ်းသော မျက်နှာတစ်ခု။
မိတ်ကပ်ကို ပြောင်နေအောင် လူးထားပြီ  အလှမယ်တစ်ယောက်ကဲ့သို့ ကျော့ကျော့မော့မော့ အပြင်အဆင်နဲ့  မိန်းကလေးတစ်ယောက်။ ကျောင်းတက်နေစဥ် ကာလအတွင်း တစ်ခါနှစ်ခါ မြင်ဖူးတာကြောင့်  သူမက ဘယ်သူဆိုတာ မှတ်မိလိုက်ပါပြီ။ ယောကျာ်းလေးတွေပါးစပ်ဖျားမှာ ရေပန်းစားသော သွန်းနဒီခဆိုသောမိန်းကလေးဖြစ်သည်။

မင်းရှိတဲ့မြို့ {OC} [Completed]Where stories live. Discover now