Part-2

9.7K 811 5
                                    

For Unicode

‌"ဟေးတို့ဒီမှာ"

ဆယ်နှစ်ကျော်လောက်နေပြီးအခုမှပြန်တွေ့တဲ့အချစ်ဆုံးသူငယ်ချင်းကိုတွေ့တာကြောင့် ဒေါ်ခတ္တာမေတစ်ယောက်အရမ်းကိုပျော်နေပေမဲ့သူ့စတိုင်အတိုင်းခပ်တည်တည်ပင်။ကြွရွသောခြေလှမ်းတွေကိုလှမ်းကာသူငယ်ချင်းဖြစ်သူဆီသွားနေသော သူမ။

"အိုဟို မာနမင်းသမီးကြီးကလည်း ကိုယ့်သူငယ်ချင်းအရင်းကြီးကိုအခုမှပြန်‌တွေ့တာတောင်တစ်ချက်လေးမှမပြုံးပြဘူးနော်"လို့ ဒေါ်ခတ္တာမေရဲ့လက်မောင်းကိုလှမ်းချိတ်လိုက်ပြီးပြောလိုက်သော ဒေါ်ခတ္တာမေရဲ့တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူ ဒေါ်မဒီ။

"ဒါတို့စတိုင်ပဲလေကွာ ဘာလဲ မဒီက ငြိုငြင်တာပေါ့"

"မငြိုငြင်ရက်ပါဘူးရှင်ရယ်"

"ဒါဆိုပြီးရော...သွားကြတော့မလား မဒီ"

"အိုခေလေ သွားကြတာပေါ့ ရှင့်ရဲ့ companyကြီးကိုကျမမြင်ချင်လှပြီ"

"အဲ့လောက်ကြီးလည်း တို့ကို အထင်မကြီးသင့်ဘူးလေနော်" လို့ ခပ်ရေးရေးလေးပြုံးပြီး လေဆိပ်ထဲကနေထွက်လာကြပါတယ်။

_____
ကားတံခါးကို ဖွင့်လိုက်တာနဲ့ အရင်ဆုံးမြင်လိုက်ရသော ကတ္တီပါဖိနပ်လေးပေါ်မှ ခြေထောက်ဖြူဖြူနုနုလေး...အိ‌န္ဒြေရှိစွာနဲ့ ကားပေါ်ကနေဆင်းလာသောထိုအမျိုးသမီး...ဒေါ်ခတ္တာမေဆင်းလာတာနဲ့ချက်ချင်း ဒေါ်ခတ္တာမေရဲ့အနားကိုအပြေးရောက်လာသောအတွင်းရေးမှူးမလေး မြတ်မှ...

"မင်္ဂလာပါမမကြီး"

ဒေါ်ခတ္တာမေဆိုတဲ့အမျိုးသမီးဟာ စကားတွေကိုအပိုမပြောတတ်သောသူတစ်ယောက် ဒါ့ကြောင့် အတွင်းရေးမှူးမလေးနှုတ်ဆက်တာကို ခေါင်းသာငြိမ့်ပြလိုက်ပြီး သူငယ်ချင်းဖြစ်သူ‌ ဒေါ်မဒီကို ခေါ်ကာ company ထဲကိုယုံကြည်မှုအပြည့်ရှိသောခြေလှမ်းတွေလှမ်းပြီး ဝင်လာတာနဲ့ အားလုံးက "မင်္ဂလာပါ မမကြီးတို့"လို့ဆိုကာခေါင်းငုံ့အရို‌အသေပေးကြသည်။ဒေါ်ခတ္တာမေရဲ့အာဏာကြီးမားပုံကိုတော့ ဒေါ်မဒီ‌တစ်ယောက်အံ့ဩစွာပင်။‌ဒေါ်မဒီကသာ ဟိုကြည့်ဒီကြည့်လုပ်နေပေမဲ့ ဒေါ်ခတ္တာမေကတော့ရှေ့တည့်တည့်သာကြည့်သည်။
ဒေါ်ခတ္တာမေရဲ့ ရုံးခန်းဟာ companyရဲ့အပေါ်ဆုံးထပ်မှာပင်။ဒေါ်ခတ္တာမေရဲ့နောက်ကိုတစ်ကောက်ကောက်လိုက်ရတဲ့သူဆိုလို့ companyမှာ ဒေါ်ခတ္တာမေရဲ့ အတွင်းရေးမှူးမလေးမြတ်သာရှိသည်။ဒေါ်ခတ္တာမေရဲ့ ရုံးခန်းထဲကိုသူ့အတွင်းရေးမှူးမလေးနဲ့ ဒေါ်ခတ္တာမေအတွက်အရေးကြီးသောသူတွေမှအပ မည်သူမှဝင်လို့မရချေ။

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Tempat cerita menjadi hidup. Temukan sekarang