Part-34

7.9K 452 15
                                    

For Unicode

"တောက်...မိုက်ရိုင်းလိုက်တာကွယ် ခန့်အောင်ကိုပထမက လူတော်လူကောင်းလေးလို့အန်တီထင်ထားခဲ့တာ..သုံးနှစ်ဆိုတဲ့ အချိန်တွေကို ဘယ်လိုများ ဖြတ်ကျော်ခဲ့သလဲကွယ်"

"အခုနောက်ပိုင်း ပိုပိုဆိုးလာတာဆို မှန်လိမ့်မယ်..ဖူးလေ ခန့်အောင်နဲ့တူတူမနေချင်တော့ဘူး..ဖူးအရမ်းကြောက်တယ်အန်တီ"

"အန်တီ့ဆီပြန်လာခဲ့ပါ ကလေးငယ်..ကလေးငယ် အန်တီ့ကို ချစ်သေးတယ်မလားဟင်"

အန်တီပြောတဲ့စကားကြောင့် ဖူး မျက်နှာပင်ပျက်သွားကာ အန်တီနဲ့မျက်နှာချင်းဆိုင်ရာကနေ တစ်ဖက်ကို မျက်နှာလွှဲလိုက်ရင်း...

"အန်တီ့ကို ချစ်တယ်ဆိုရင်တောင် ကိုယ့်အဒေါ်အရင်းတစ်ယောက်လိုပဲဖူး ချစ်တာပါ..ဖူးအပေါ်ကို မျှော်လင့်ချက်တွေအရမ်းမထားပါနဲ့တော့အန်တီ"

"အန်တီ့ကို အဒေါ်အရင်းတစ်ယောက်လိုချစ်တယ်ဆိုတဲ့အကြောင်းကို အန်တီ့မျက်လုံးကို သေချာကြည့်ပြီးပြောပါ..အဲ့တာဆို အန်တီယုံပေးပါ့မယ်"

အန်တီ့ရဲ့ စူးရှတဲ့မျက်လုံးလေးတွေ..ဖူးအပေါ်ကိုကြည့်တဲ့ အန်တီ့ရဲ့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေကို ဖူး သေချာမကြည့်ရဲပါ..ထိုအကြည့်တွေကြောင့်ပဲ ဖူးမှာ အကြိမ်ကြိမ်အန်တီ့ဆီမှာလဲကျခဲ့ရပြီးပြီ..ဒီတစ်ခါလည်း အန်တီ့ကိုချစ်ရဲ့သားနဲ့ မချစ်ဘူးပြောတာကို အန်တီ့မျက်နှာကိုမကြည့်ပဲပြောတာတောင်ဖူးမှာ မနည်းအားယူပြီးပြောနေရတာ..အန်တီ့မျက်လုံးကိုသာ ကြည့်ပြီးပြောရမယ်ဆိုရင် ဒီစကားလုံးတွေထွက်လာမည်မဟုတ်တာကိုဖူးသိနေလေသည်။

"အန်တီ့ကိုဖူး ၁၅၀၀လိုအချစ်မျိုးနဲ့ မချစ်ခဲ့ဖူးဘူးလို့ပြောပြီးပြီလေ"

"အန်တီပြောတာရှင်းရှင်းလေးပါ..အာ့ဆို အဲ့စကားကို အန်တီ့မျက်လုံးကိုသေချာကြည့်ပြီးပြောပါလို့"

"ဟင့်အင်း ဖူး မကြည့်နိုင်ဘူးအန်တီ..ဒီတိုင်းပဲ ဖူး အန်တီ့ကိုမချစ်ဘူးလို့ပဲသိထားပေးပါ"

"မင်းသန့်ပြောလို့ အန်တီအကုန်သိပြီးသွားပြီ"

ဖူး မျက်လုံးပင်ပြူးသွားလေသည်..အန်တီက အကုန်သိနေတယ်သည်တဲ့လား..ဖူး ဘယ်လိုဆက်လိမ်ရမှန်းမသိတော့ပေ။ဖူးအတွက်ပြောစရာစကားတွေပင် ပျောက်ရှကုန်ပြီ..တိတ်ဆိတ်နေတဲ့ဖူးကို အန်တီကပဲ ဆက်ပြီးတော့..

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Hikayelerin yaşadığı yer. Şimdi keşfedin