Part-12

8K 523 13
                                    

For Unicode

ဖူးသစ္စာလှိုင်တစ်ယောက်ဖုန်းပြောပြီးထမင်းစားခန်းထဲ ပြန်လာတော့ ဒေါ်ခတ္တာမေမရှိတော့တာကိုတွေ့ပြီး..

"ကြီးကြီးမြင့်...အန်တီ အဲ့ မမကြီးကော"

"အော် မမကြီးက ခေါင်းကိုက်လာလို့ဆိုပြီးအပေါ်တက်သွားတယ်သမီးရဲ့ ထမင်းလည်းနည်းနည်းပဲစားသွားတယ်"

"ဟုတ်လား..ဆေးကောယူသွားသေးလားကြီးကြီးမြင့်"

"မယူသွားဘူး ဖူးရေ..ညဉ်း မမကြီးက ဆေး‌တွေမသောက်ချင်ဘူး‌တဲ့..သူက လူမမာလိုနေရတာမကြိုက်ဘူးလေ"

"အာ ဘာပဲဖြစ်ဖြစ်လေ သောက်သင့်ရင်တော့သောက်ရမှာပေါ့..ကြီးကြီးမြင့် ဖူးကို ခေါင်းကိုက်ပျောက်ဆေးလေးပေး‌ပါနော်"

"အေးအေးခဏလေးနော်ကြီးကြီးမြင့်သွားယူလိုက်မယ်"

"ဟုတ်"

ခဏနေတော့

"ရော့ ရပြီ ဖူးရေ..ကြီးကြီးကတော့ ဖူး မမကြီးကို မနက်စာကျွေးလိုက်နိုုင်ထဲက ဖူးရဲ့အစွမ်းကိုယုံသွားပြီဖြစ်တဲ့အတွက် အခုလည်းယုံလိုက်ပြီနော်"

"စိတ်ချပါ ကြီးကြီးမြင့်ရဲ့ ဖူးသစ္စာလှိုင်ပါ ‌ရအောက်တိုက်ခဲ့မယ်"

"အံမယ် ဟုတ်ပါပြီကွယ်"

ထို့နောက်ဖူးလည်း အပေါ်တက်သွားပြီး အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်ပေမဲ့အထဲကအသံမကြားတာကြောင့် အခန်းထဲဝင်သွားတော့ ကုတင်ပေါ်မှာခွေခွေလေးအိပ်နေသောအန်တီ့ကိုတွေ့လိုက်ပြီး...ဘေးနားသွားထိုင်လိုက်ကာ..
မျက်လုံးလေးတွေမှိတ်ထားတာကြောင့်မျက်တောင်ကော့ကော့လေးတွေဟာ နဂိုထက်ပိုကော့နေကာ ထင်ထင်ရှားရှားမြင်နေရသည်...အခန်းလိုက်ကာ မပိတ်ထားတာကြောင့်‌အလင်းရောင်ဟာ မျက်နှာ‌ပေါ်ဖြာကျနေကာ နဂိုထဲက အသားဖြူပြီးဝင်းနေတဲ့အန်တီ့မျက်နှာလေးက ပိုမိုတောက်ပကာ ဝင်းနေတော့သည်...ဖူးလည်း အိပ်မောကျနေသောအန်တီ့ကိုတစ်စိမ့်စိမ့်ထိုင်ကြည့်ကာ နှဖူးပြင်ကျယ်ကျယ်‌လေးပေါ်ကျနေတဲ့ ဆံနွယ်အနည်းငယ်လေးတွေကို လက်နဲ့ဖယ်ရှားပေးလိုက်ရင်း...

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now