Part-20

7.4K 440 14
                                    

For Unicode

အချိန်တ္ပေကုန်လာတာနဲ့အမျှ ဖူး အန်တီအိမ်မှာနေတာ ခြောက်လပင်ကျော်ပြီ..အန်တီနဲ့ဖူးရဲ့ ချစ်သူသက်တမ်းလည်းငါးလပြည့်လေပြီ..အရာရာဟာ ပုံမှန်တိုင်းလည်ပတ်နေပေမဲ့ အန်တီဟာ ဖူးကို အရင်ကထက်ပိုအလိုလိုက်လာသလို အရမ်းလည်း ဂရုစိုက်လာသည်...ဖူးအတွက်တော့ အန်တီဟာ အမေနေရာမှာလည်းဟုတ်သလို အဒေါ်နေရာမှာလည်းဟုတ်သည်..ဖူးရဲ့ချစ်ရသူလေးနေရာမှာလည်းရှိနေပြန်သည်..အန်တီတစ်ယောက်နဲ့တင်ဖူးဘဝကြီးကအရာရာပြည့်စုံနေပါပြီ...

"ကလေးငယ်ရယ်...ရေချိုးတာ ကြာလှချီလား..အအေးပက်မယ်လို့ကွယ်"

"ပြီးပါပြီ အန်တီရဲ့"

"လာ..ဒီကို ခေါင်းတွေလည်းစိုရွှဲနေတာပဲကွာ.."

"ဟာ အန်တီကလည်းခေါင်းလျှော်ပါတယ်ဆိုမှ ခေါင်းကတော့စိုမှာပေါ့"

"ဟုတ်ပါပြီ အစွာလေးရယ်...တကယ်ဆက်ဆက်ထိမခံလေးနော်"

"ဘာလဲ အဲ့တော့မချစ်ဘူးလား"

"ချစ်တာပေါ့..သဲလေးကို ချစ်တာပေါ့"

"သဲလေးဆိုတော့ သဲကြီးရှိသေးတာပေါ့"

"ဟော် ဒီကလေးကကွာ..သဲလေးကော သဲကြီးကောက ကလေးငယ်ပဲဟုတ်ပြီလား အန်တီ့နှလုံးသားတစ်ခုလုံးက ကလေးငယ်အတွက်ပဲ"

"အပြောကနော် ဟွန့်"

"နောက်တစ်ခါ ခေါင်းလျှော်မယ်ဆို အန်တီ့ကိုပြောနော်ကလေး..ဆောင်းရာသီနားရောက်နေပြီဆိုတော့ အေးလာပြီလေနော်..အန်တီရေနွေးလေးစပ်ပေးမယ်"

"ဟုတ်ကဲ့...ဒါနဲ့ ဖူး အန်တီ့ကိုမေးစရာရှိလို့"

"အွန်း မေးလေ"

"အန်တီ့အခန်းရဲ့ အရှေ့ခန်းမှာ ဘာရှိလို့လဲဟင်"

ဖူးမေးလိုက်တဲ့မေးခွန်းကြောင့် မှန်ထဲကနေ ဖူးကိုခေါင်းသုတ်ပေးနေရင်း ပျက်သွားတဲ့အန်တီ့မျက်မှာကိုမြင်လိုက်တာကြောင့်...

"ဟို..ဖြေလို့အဆင်‌မပြေဘူးဆိုလည်း မဖြေပါနဲ့နော်အန်တီ..ဖူးကဒီတိုင်းပဲမေးလိုက်တာပါ"

"‌တစ်နေ့ ဖူးကို အန်တီအကြောင်းစုံပြောပြမယ်နော်..အခုထိ ပြောပြဖို့ အဆင်သင့်မဖြစ်သေးဘူးကွယ်"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now