Part-3
8.4K 597 14
For Unicode
ဖူးသစ္စာလှိုင်တစ်ယောက် အခန်းထဲမှာ လှဲနေရင်း မျက်လုံးထဲတွင် ဒေါ်ခတ္တာမေပုံရိပ်လေးကိုမြင်လာပြီး..လေဆိပ်မှာရိုက်ထားတဲ့ ပုံလေးကိုထုတ်ကြည့်ကာ..
"အန်တီက တကယ်လှတာပဲ..ငါ့အဒေါ်သာဖြစ်ရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲဟီးဟီး" (မပူနဲ့ရှင့်မိန်းမ ဖြစ်လာမှာ🙄)
_______
"မမကြီး ဖုန်းလာနေတယ်ရှင့်"
"ဘယ်သူလဲ မြတ်"
"ဦးကောင်းသန့်လို့ ပြောပါတယ်မမကြီး ပိုက်ဆံကိစ္စပြောချင်လို့ပါတဲ့"
"အွန်း..ဒီကိုပေး"
ဒေါ်ခတ္တာမေဟာ ‌သူ့အတွက်အရေးကြီးတဲ့သူတွေကလွဲလို့ ကျန်တဲ့သူတွေကိုသူ့ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်မပေး companyရဲ့ဖုန်းနံပါတ်ကိုသာပေးထားသည်။
"မဒီ ခဏလေးနော် တို့ဖုန်းပြောလိုက်အုံးမယ်"
"အွန်း ပြောပါ.. တို့အာ့ဆို ယူ့ရဲ့ companyကိုခဏပတ်ကြည့်လိုက်အုံးမယ်လေ ဒီကလေးမကိုခေါ်သွားလို့ရတယ်မလား"
"အွန်းအွန်း ရတယ်.. မြတ်ရေ သေချာလိုက်ပြပေးလိုက်ပါအုံးနော်"
"ဟုတ်..ဟုတ်ကဲ့မမကြီး"
"ငါ..ငါက ဒီအမျိုးသမီးနဲ့နှစ်ယောက်တည်း တူတူသွားရမှာလား အို..နဂိုထဲကမှ ခုန်နေတဲ့ရင်ဘတ်ကိုဒီ့ထက်အ‌ခြေအ‌နေမဆိုးလာ‌အောင်ဘယ်လိုတားဆီးရမလဲ" မြတ် တစ်ယောက်ရင်ဘတ်လေးဖိကာ စိတ်ထဲကနေပြောလိုက်ခြင်းပင်။ထို့နောက် ဒေါ်မဒီရဲ့ဘေးကနေကပ်မလျှောက်ပဲ အနောက်ကနေသာခပ်ခွာခွာလေးလိုက်နေတဲ့ မြတ်ကို ဒေါ်မဒီသတိထားမိလိုက်ပြီး...
"ဟေးဘာလို့ တို့ဘေးလာမရပ်တာလဲ တို့မကိုက်စားပါဘူးကွယ် လာပါဘေးကို"
"ဟုတ်..ဟုတ်ကဲ့ရှင့်"
"ဒါနဲ့ နာမည်က မြတ်နော်..တစ်လုံးတည်းလား"
"ဟုတ်ပါတယ် တစ်လုံးထဲပါ မမကြီး"
"ရပါတယ် တို့ကို ရင်းရင်းနှီးနှီး အန်တီလို့ပဲခေါ်ပါ..အန်တီလည်းမင်းကို မြတ်လို့ပဲခေါ်မယ်လေရတယ်မလား"
"ဟုတ်ကဲ့ရပါတယ် အန်တီ"
"ဒါနဲ့မြတ်က ခတ္တာဘေးမှာအလုပ်လုပ်တာကြာပြီလား"