Part-8

7.9K 552 15
                                    

For Unicode

ထို့နောက်လှေကားပေါ်တစ်ထစ်ချင်းစီတက်ရင်း နောက်ဆုံးတော့အပေါ်ကို ရောက်သွားခဲ့ချေပြီ..ဒေါ်ခတ္တာမေကိုရှာကြည့်‌ပင်မဲ့မတွေ့ အခန်းထဲမှာပဲဖြစ်လိမ့်မည်လို့တွေးရင်း...အပေါ်ထပ်ဟာလည်း အောက်ထပ်ကဲ့သို့ပင်ခမ်းနားလှသည်..ဘုရားစင်ကြီးမှာလည်း ပန်းမျိုးစုံနဲ့ အလွန်ကိုသပ္ပာယ်လှသည်..ထို့နောက်ကြီးမြင့်ပြောတဲ့ "လှေကားနားကအခန်းမဟုတ်ဘူးနော် အရှေ့က အခန်း"ဆိုတဲ့စကားကိုပြန်ကြားကာ...လူဆိုတာ မလုပ်နဲ့ပြောရင်ပိုလုပ်ချင်တဲ့အမျိုး မကြည့်နဲ့ပြောရင်‌ပိုကြည့်ချင်တတ်တာမျိုး မစပ်စုနဲ့ပြောရင်ပိုစပ်စုချင်တတ်တာမျိုး‌ဖြစ်တာကြောင့် ထိုလှေကားနားကအခန်းကိုတစ်ချက်ကြည့်လိုက်‌မိပေမဲ့ တံခါးပိတ်ထားတာကြောင့်ဘာမှတော့မထူးခြား...ဒါ့ကြောင့်ဖူးသစ္စာလှိုင်လည်း ဒေါ်ခတ္တာမေ တံခါးကို သွားခေါက်လာတာကြောင့် ထွက်ပေါ်လာသော အထဲက အသံချိုချိုလေး...

"ဖူးသစ္စာလှိုင်မလား...မင်းအလုပ်က ၈နာရီမှလေ အခုမှ ၇နာရီခွဲပဲရှိသေးတာကို ဘာကိစ္စရှိလို့လဲ"

"ဟိုလေ...မမကြီးအတွက် မနက်စာ လာပို့တာပါ"

ဒေါ်ခတ္တာမေလည်းတံခါးကိုဖွင့်လိုက်ပြီး

"တို့မနက်စာ မစားတတ်ဘူးဆိုတာ ကြီးမြင့်တို့က မပြောပြထားဘူးလား"

"ဟို ကြီးကြီးတို့ ပြောပြထားပါတယ်..ဒါပေမဲ့"

"ဒါပေမဲ့ လုပ်မနေပါနဲ့ တို့မနက်စာ မစားတတ်ဘူး ပြန်ယူသွားပါ"

"ဟို မမကြီး မနက်စာမစားရင် မမကြီးအတွက်မကောင်းဘူးလေ စားလိုက်ပါနော်..မမကြီးမုန့်ဟင်းခါးကြိုက်တယ်မလား"

"တို့ကို ကောင်းတယ်မကောင်းဘူး မင်းမှာပြောပိုင်ခွင့်မရှိဘူးထင်တယ်နော်ကလေးမ..အလုပ်သမားက အလုပ်သမားနေရာမှာပဲနေပေးပါ တို့စကားကို နှစ်ခါမပြော‌တတ်ဘူး အဲ့တာကြောင့် ပြန်ယူသွားလိုက်ပါ"

" ဖူးက မမကြီးကို စားစေချင်လို့ ကိုယ်တိုင်ချက်ပေးတာကို မမကြီးကငြင်းတော့...ဟုတ်ကဲ့ပါ ဖူး တောင်းပန်ပါတယ်နော်..ဖူးပြန်ယူသွားလိုက်ပါ့မယ်" ပြောရင်း မျက်ရည်လေးတွေဝဲလာသော ထိုကလေးမကိုကြည့်ကာ ဒေါ်ခတ္တာမေ မနေတတ်တော့...ဘာလို့မှန်းမသိ ‌ထိုကလေးမရဲ့ မျက်ရည်တွေကို ဒေါ်ခတ္တာမေမမြင်ချင်တာအမှန်ပင်...

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now