Part-13

8K 516 14
                                    

For Unicode

"ဖူး..အန်တီ့ companyကိုလိုက်ချင်လား"
ဒေါ်ခတ္တာမေရဲ့မေးခွန်းကြောင့် ဖူး မျက်လုံးလေးတွေအရောင်လက်သွားပြီး..

"ဖူးလိုက်လို့ရတယ်ပေါ့"

"ရလို့ပဲ အန်တီကမေးတာပေါ့ကွယ်"

"ဟီး လိုက်မယ်အန်တီ"

"အာ့ဆို အဝန်အစားသွားလဲထားနော်အန်တီအောက်ထပ်မှာစောင့်နေမယ်"

"ဟုတ်ကဲ့အန်တီ"

ခဏနေတော့ ပေါင်‌လယ်လောက်သာရှိတဲ့ဂါဝန်အဖြူလေးကိုဝတ်လာပြီး ခြေတံဖွေးဖွေးသွယ်သွယ်လေး‌တွေဟာတကယ်ကိုမက်မောချင်စရာပင်..လည်ပင်းကလည်းအနည်းငယ်ဟိုက်နေတာကြောင့် collarbones လေးတွေဟာ အထင်းသား..

"ပြီးပြီ အန်တီ"

လှေကားပေါ်ကနေဆင်းလာတဲ့ ထိုကလေးမရဲ့အဝတ်အစားကြောင့် ဒေါ်ခတ္တာမေမျက်‌မှောင်ကျုံ့လိုက်ကာ အနားကိုသွားပြီး..

"ဘာလို့ ဒီလိုတွေဝတ်လာတာလဲ ပြန်သွားလဲလိုက်ပါ..အင်္ကျီလက်ရှည်နဲ့ဘောင်းဘီအရှည်ဝတ်လာခဲ့"

"ဟင်..အန်တီကလည်းနွေရာသီကြီးကိုပူတယ်လေ"

"မင်းကို ရန်ကုန်မြို့ နေပူကျဲထဲကြီးမှာ ဈေးထွက်ရောင်းခိုင်းမှာ မဟုတ်ဘူးဖူးသစ္စာလှိုင် airconကားနဲ့ သွားပြီး aircon အခန်းထဲဝင်ရမှာ မင်း ချမ်းတောင်ချမ်းနေအုံးမယ် သွားပြန်လဲလိုက်..တို့စကားကိုနှစ်ခါမပြောတတ်ဘူးနော်"

"ဟုတ်..ဟုတ် ဖူးသွားလဲလိုက်ပါ့မယ်"

ဒေါ်ခတ္တာမလေသံမာသွားတာကြောင့် ဖူး ဘာမှဆက်မပြောရဲတော့ပေ..အပေါ်ထပ်ကိုသာ အပြေးလေးတက်သွားပြီး

"ဟွန့် အပျိုကြီးတွေများ ဇီဇာကိုကြောင်တယ်..သူများက သူ့ company ကို လှလှပပလေးဝတ်သွားချင်တာကို"လို့ပွစိပွစိပြောရင်းအပြင်ထွက်လာတော့...

"အခုခေတ်ကလေးတွေကဒီလိုပဲအတင်းတုတ်တတ်တာလားကွယ်"

"ဟင်..အန်တီ"

"အမြဲတမ်း သူခိုးလူမိတယ်နော်..နောက်ဆို ရှေ့နောက်ကြည့်ပြီးမှ ပြောပေါ့ကွယ်"

"ဟုတ်..ဟုတ်ကဲ့ အန်တီဘာကျန်ခဲ့လို့လဲဟင်"

"Company စာရင်းအချို့ကျန်ခဲ့လို့ လာယူတာ"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now