Part-36

8.6K 463 18
                                    

For Unicode

"ဒေါ်ခတ္တာမေကိုယ်တိုင်က မိန်းကလေးချင်းချင်း ချစ်မြတ်နိုးနေပါတယ်လို့ ဝန်ခံထားတာဟာ အမှန်ဟုတ်ပါသလားဗျာ"

"ဟုတ်ပါတယ်..ကျွန်မဟာ မိန်းကလေးချင်းချင်းချစ်မြတ်နိုးနေတဲ့သူပါ..ဒါ့အပြင် ကျွန်မချစ်တဲ့ အမျိုးသမီးလေးဟာလည်း ကျွန်မထက် အသက်၂၀လောက်ငယ်ပါတယ်"

"ဝါး..ဒါဆို ဒေါ်ခတ္တာမေက မိန်းကလေးချင်းချင်းစိတ်ဝင်စားတဲ့သူပေါ့နော်"

"မဟုတ်ရပါဘူးရှင်..ကျွန်မက မိန်းကလေးတွေကိုစိတ်ဝင်စားတဲ့သူတစ်ယောက်မဟုတ်ပါဘူး..ကျွန်မချစ်ရတဲ့ ကျွန်မရဲ့နှလုံးသား‌ပိုင်ရှင်လေးက မိန်းကလေးတစ်ဦးဖြစ်သွားရုံပါပဲ..တစ်ချို့တွေကဒါကိုဝဋ်ကြွေးတစ်မျိုးလို့သတ်မှတ်ကြတယ်..ကျွန်မအတွက်တော့ အခုလိုချစ်ခြင်းဟာဝဋ်ကြွေးတစ်မျိူးဆိုရင်တောင် တကယ်ကိုလှပတဲ့ဝဋ်ကြွေးလေးပါပဲ..အိုရှင် ဝဋ်ကြွေးလို့တောင်မခေါ်ထိုက်သင့်ပါဘူး"

"ဒီခေတ်မှာ ဒီလိုချစ်ခြင်းတွေကို လက်ခံလာကြပေမဲ့ ဝေဖန်ရှုံ့ချတဲ့သူ‌တွေကြားမှာရော ဒေါ်ခတ္တာမေခံနိုင်ပါ့မလား"

"ဒီလမ်းကိုရွေးလိုက်ထဲက ဖြစ်လာမဲ့အကြောင်းတရားတွေကိုကြိုတင်တွေးထားတဲ့အတွက် ကျွန်မကိုဝေဖန်ကြမယ်ဆိုရင်တောင်ကျွန်မဟာပြိုလဲသွားမဲ့သူတစ်ယောက်လည်းမဟုတ်သလို..ကျွန်မချစ်ရတဲ့ထိုလူသားလေးကိုလည်းဘယ်တော့မှလက်တွဲဖြုတ်မှာမဟုတ်ပါဘူး"

"ဒေါ်ခတ္တာမေလို ချစ်တတ်တဲ့သူတစ်ယောက်တော့လိုအပ်နေပြီဗျာ..ကျေးဇူးတင်ပါတယ်ဗျ နောက်ဆုံးအနေနဲ့ hater တွေကိုဘာပြောချင်ပါသလဲ"

"ပြောချင်တာကတော့ ကြိုက်သလောက်‌
ဝေဖန်ပြီး ကြိုက်သလောက်ရှုံ့ချကြပါ..မောသွားရင်ကျွန်မက ရေဒါနပြုပါ့မယ်လို့"

"အာ..ဟုတ်ကဲ့ပါခင်ဗျာ"

အန်တီဟာဖူးနဲ့ လွတ်လွတ်လပ်လပ်တွဲ‌ချင်တာကြောင့်အခုလို officialချပြလိုက်ခြင်းပင်။ထိုသို့ချပြလိုက်ခြင်းကြောင့် အားကျတဲ့စကားတွေလည်းကြားရသလို ရှုံ့ချတဲ့စကားတွေကိုလည်းကြားရ‌သည်။
ဖုန်း screen‌ပေါ်ကအန်တီ့ရဲ့စကားတွေကြောင့် ဖူးမျက်ရည်တွေပင်ဝဲတက်လာလေသည် ဖူးတကယ်ပဲအချစ်ခံနေရတာလား တစ်ခါတစ်ခါ ဖူးကိုယ်တိုင်တောင်မယုံတော့ပေ။အန်တီ့ရဲ့ချစ်တတ်ပုံဟာ ဖူးကိုအိပ်မက်တစ်ခုလိုတောင်ဖြစ်စေသည်..ဒါပေမဲ့တစ်ကယ်ဖြစ်နေတာပဲလို့ သတိပြန်ဝင်လာတိုင်းအတိုင်းမသိပျော်ရသလို အရမ်းလည်းကျေနပ်နေမိသည်။

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Kde žijí příběhy. Začni objevovat